MT News
၂၃.၁၁.၂၀၂၂
အာဂျင်တီးနားကို ဆော်ဒီအာရေဗျက အနိုင်ယူသွားတဲ့ပွဲမျိုးတွေက ကမ္ဘာ့ဖလားမှာ တွေ့ရတတ်သလို မနေ့ညက မက်ဆီကို နဲ့ ဒိန်းမတ်တို့ရဲ့ပွဲတွေမှာ ဂိုးမရှိသရေပွဲတွေ ဖြစ်ခဲ့ကြပါတယ်။
ဒဏ်ရာရကစားသမား ၉ ယောက်အထိရှိနေတဲ့ ပြင်သစ်ကတော့ ဩစတြီးယားကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
ထင်မထားတာတွေ ဖြစ်တတ်တာက ဘောလုံးသဘာဝမို့လို့လည်း ဒီလိုကမောက်ကမတွေကို ချိန်ဆကြပါလို့ သတိပေးရင်းနဲ့ပဲ ဒီနေ့ညရဲ့ပွဲတွေကို MT News ဘောလုံးပရိသတ်တွေအတွက် ပွဲကြိုသုံးသပ်ပေးလိုက်ရပါတယ်။
……
မော်ရိုကို – ခရို အေးရှား
မော်ရိုကိုဟာ အာဖရိကမှာ အတော်လေး ကောင်းပါတယ်။ ဇီယက်၊ ဟာကီမီ၊ အယ်နီဆရီ စတဲ့ကစားသမား ကောင်းတွေလည်း ရှိပါတယ်။ ခရို အေးရှားကတော့ ဒုတိယရထားတဲ့အသင်းပီပီ အရင် ၄ နှစ်က လူစာရင်းနဲ့ ထူးထူးခြားခြား ပြောင်းလဲမှုမရှိပေမယ့် ကစားသမား တွေကတော့ အသက်အရွယ်ရလာပါပြီ။ နောက်ဆုံး ၅ ပွဲဆက် မရှုံးထားတဲ့ ခရို အေးရှားကို မော်ရိုကိုပိတ် ဆော့မှာမို့ ဂိုး အောက်က အကောင်းဆုံးပါ။
ရွေးချယ်မှု – ခရို အေးရှား Body ၃ ဆ / ဂိုး အောက် ၂ ဆ
…….
ဂျာမနီ – ဂျပန်
ဂျာမနီက ဒီနှစ်တော့ အုပ်စုအဆင့်ကတက်အောင် အစပွဲကတည်းက အာရုံစိုက်ကစားမှာပါ။ ဂျာမနီအသင်းမှာ အ ထောင်တိုက်စစ်က အားနည်းနေပြီး ဒီနှစ်မှာတော့ ဝါဒါဘရီမင်က ဖူလ်ခရက်သာ အထောင်တိုက်စစ်ဖြစ်ပေမယ့် နည်းပြက တော့ အရံ နေရာမှာထားမလား။ လူစားလဲသုံးမလား စဥ်းစားစရာပါ။ ဂျပန်ကတော့ ဥရောပမှာ ကစားနေတဲ့ကစားသမား တွေက ထိပ်တန်းအဆင့်ရှိပေမယ့် ဂျာမနီကိုတော့ မယှဥ်နိုင်ပါဘူး။ ဂျာမနီ အနိုင် သေချာပါတယ်။
ရွေးချယ်မှု – ဂျာမနီ
…….
စပိန် – ကော်စကာရီကာ
စပိန်အသင်းက ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေရခဲ့ပြီး ဗိုလ်စွဲဖို့ ဖြစ်နိုင်ခြေနည်းပေမယ့် အုပ်စုအဆင့်ကတော့ တက်ဖို့များပါတယ်။ ကော်စရီကာက ခြေရည်တူအသင်းတွေသာ နိုင်ရင်နိုင်မယ် စပိန်ကိုတော့ နိုင်ဖို့ ကံတရား ဖေးမမှသာ အနိုင်ရမှာပါ။ အုပ်စုအဖြည့်ခံ ကော်စကာရီကာကို စပိန်အသင်း ၃ မှတ်ရဖို့ အပီ ဖြုတ်မှာပါ။
ရွေးချယ်မှု – စပိန်
………
ဘယ်လ်ဂျီယံ – ကနေဒါ
ဘယ်လ်ဂျီယံက တိုက်စစ်က အားနည်းမှုကို ပြင်ဆင်ဖို့လိုပါတယ်။ ကနေဒါကတော့ ကွန်ကာကပ်ဇုန်မှာတော့ ဗိုလ်ဖြစ်ပေမယ့် ကမ္ဘာ့ဖလားမှာတော့ တပ်သားအဆင့်ပါ။
ဘယ်လ်ဂျီယံက ခုနောက်ပိုင်း အသက်ကြီးသူတွေ များလာပေမယ့် ထိပ်တန်းအဆင့် ကစားသမားအများအပြားရှိတဲ့အပြင် ဒီလို ကနေဒါနဲ့ပွဲစဥ်ကို အနိုင်ကန်ဖို့ ကြိုးစားလာမှာပါ။ ဘဘယ်လ်ဂျီယံ ၂ ဂိုး တော့ ပြတ်ဖို့များပါတယ်။
ရွေးချယ်မှု – ဘယ်လ်ဂျီယံ
……..