၇. ၁၂. ၂၀၂၃
Written by Nay Moe
ဘုတ်ပြင်းမြို့နယ်တွင် ဇနီးမောင်နှံနှစ်ဦးစီးနင်းလာသည့်ဆိုင်ကယ်ကို အမျိုးသားနှစ်ဦးက တားဆီး ဖမ်းခေါ်ကာ သေနတ်ဖြင့် ပစ်သဖြင့် ဇနီးဖြစ်သူ သေဆုံးကာ ခင်ပွန်း ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် နံနက် ၆ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ အေးမြ သာယာကျေးရွာနေ ဦးခင်ဦး(၅၃)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဆန်းကြူ(၅၆)နှစ်တို့သည် အေးမြသာယာကျေးရွာမှ ဘုတ်ပြင်းမြို့သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအနီး ကားလမ်းမိုင်တိုင်အမှတ် ၁၆၅ မိုင် ၇ ဖာလုံနှင့် ၁၆၆ မိုင်ကြားအရောက် အကြမ်းဖက် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)က သေနတ်ပြ ခြိမ်းခြောက်၍ ဆိုင်ကယ်အားရပ်တန့်ခိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဆီအုန်းစိုက်ခင်းအနီး၌ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဒေါ်ဆန်းကြူတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးခင်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရေးအတွက် မြိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှိ၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-တ်-ဖြ-တ်မှုခံထားရသည်။