October 23, 2024

၂၃. ၁၁. ၂၀၂၂

Written by Nay Moe

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒီနေ့မနက်က ရေးမြို့မရဲစခန်းရဲ့ စခန်းမှူးအပါအဝင် ရဲ ၃ ဦးစီးနင်းလာတဲ့ကားကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် ယာဥ်ပေါ်ပါလူအကုန် သေဆုံးပြီး M 16 သေနတ်၊ စခန်းမှူး၏ ခြောက်လုံးပြူး ၁ လက် ရရှိတယ်လို့လည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဥ်ဟာ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်က ဖြစ်ခဲ့တာဖြစ်ပြီး ရေးမြို့မရဲစခန်းက စခန်းမှူးနဲ့ အဖွဲ့လိုက်ပါလာတဲ့ ကားကို ရေးမြို့တပ်ရင်း ၁၉ နဲ့ မီတာ ၂၀ ခန့်အကွာမှာ အချက်ရေ ရာနဲ့ချီ ပစ်ခတ်တာ ရုပ်သံမှာမြင်ရပြီး သေဆုံးသွားသူတွေကို ယာဥ်ပေါ်ကနေ ဆွဲချတာကိုလည်း မြင်ရပါတယ်။

ဒီဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ လပိုင်းက တိုက်ပွဲကျသွားတဲ့ MSRO အဖွဲ့ခေါင်းဆောင်နဲ့ NLD လူငယ် တိုဘီနေစိုး သေဆုံးတာကို ကျေနပ်တယ်ဆိုပြီး အောင်ပွဲခံတဲ့အတွက် လက်တုန့်ပြန်တာလို့လည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောထားပါတယ်။

Movie ရေးဘီလူး

Leave a Reply

Your email address will not be published. Required fields are marked *