October 19, 2024

၈. ၁၂. ၂၀၂၃
Written by Nay Moe

မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရဲ့ ထက်ဝက်ကို NUG ဩဇာခံ PDF တွေက ကျုးလွန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ မှာ ထုတ်ပြန်ခံရတဲ့ NUG ဟာ ကျောက်မျက်လုပ်ငန်းရှင် ၄၃ ဦးကို အရေးယူမယ်လို့ ဒီနေ့မှာ နာမည်တပ်ထုတ်ပြန်လာပါတယ်။

နွေဦးတော်လှန်ရေးစတင်ချိန်ကနေ အခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်တွေ၊ နိုင်ငံဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဆရာဆရာမနဲ့ကျောင်းသားကျောင်းသူတွေ စတဲ့ ပြည်သူ ၆၇၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ သတ်ဖြတ်မှုခံထားရပြီး အဲဒီသတ်ဖြတ်မှုခံရတဲ့အထဲမှာ NUG နာမည်ပျက် စာရင်းသွင်းခံရသူတွေ၊ ဝန်ထမ်းအဖြစ်က ထုတ်ပယ်တယ်လို့ ကြေညာခံရသူတွေလည်း ပါခဲ့သလို NUG က အရေးယူမယ်ကြေညာခံရပြီးတာနဲ့ အဲဒီလူတွေကလည်း မကြာခဏသတ်ဖြတ်ခံနေရတာဖြစ်ပါတယ်။

NUG ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MONREC) ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်မှာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နဲ့​တကွ လက်အောက်ခံ အသင်းခွဲတွေကို ဖျက်သိမ်းပြီး ဆက်လုပ်နေမယ်ဆို အရေးယူမယ်လို့ ကြေညာခဲ့သလို အဲဒီကြေညာချက်ကို မလိုက်နာဘဲ ဆက်လုပ်နေတဲ့ လုပ်ငန်းရှင် ၄၃ ဦးကို ဒီနေ့မှာတော့ အမည်ပျက်လုပ်ငန်းရှင်စာရင်းထဲထည့်ပြီး ဆက်လက် ပါဝင်လုပ်ကိုင်နေမယ်ဆို လိုအပ်သလို အဆင့်ဆင့် ဆက်လက်အရေးယူသွားမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါ့အပြင် စာရင်းထဲမပါသေးတဲ့တခြားကျောက်မျက်လုပ်ငန်းရှင်တွေကိုလည်း ဆက်လက်အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

NUG ရဲ့ MONREC က အရေးယူမယ်လို့ နာမည်တပ်ထုတ်ပြန်ခဲ့တဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ကနေ တွဲဖက်စာရင်းစစ်အထိ ၁၇ ဦး၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)က ဥက္ကဋ္ဌ ကနေ တွဲဖက်စာရင်းစစ်အထိ ၁၃ ဦးနဲ့ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)ကလည်း ဥက္ကဋ္ဌ ကနေ တွဲဖက်စာရင်းစစ်အထိ ၁၃ ဦးကို အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *