October 19, 2024

၈. ၁၂. ၂၀၂၃
Written by Pan Ei

နာမည်ကျော် အမျိုးသမီးအဆိုရှင် Selena Gomez ဟာ သူမရဲ့ “Single Soon” သီချင်းမှာ အလုပ်တူတူလုပ်ခဲ့ကြတဲ့ ထုတ်လုပ်သူ Benny Blanco နဲ့တွဲနေပြီဆိုတာကို သူမကိုယ်တိုင် မနေ့ (ဒီဇင်ဘာလ ၇ ရက်)က အတည်ပြုခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Selena Gomez ဟာ ပရိတ်သတ်အကောင့်တစ်ခုကနေ တင်လိုက်တဲ့ သူတို့ရဲ့ အချစ်ရေးကောလာဟလသတင်းနဲ့ ပုံပါတဲ့ ပိုစ့်တစ်ခုမှာ “သူက ငါရဲ့ နှလုံးသားထဲက အရာအားလုံးပါပဲ” လို့ မှတ်ချက်တစ်ခုရေးသားခဲ့ပြီး သူမရဲ့ အင်စတာဂရမ်အကောင့် စတိုရီမှာလည်း အမျိုးသားကိုတော့ မျက်နှာ မဖော်ထားတဲ့ အဖြူအမဲ စုံတွဲပုံကိုတင်ပြီး အတည်ပြုခဲ့တာပါ။

ဒါ့အပြင် သူမဟာ သူတို့နှစ်ဦးသား တွဲနေပြီလို့ ကောလာဟလတွေထွက်နေတယ်ဆိုတဲ့ ပိုစ့်ကိုလည်း အသည်းပေးကာ “အဖြစ်မှန်” ဆိုပြီး မှတ်ချက်ပေးခဲ့ပြန်ပါသေးတယ်။

ပျော်ရွှင်နေပုံရတဲ့ Selena Gomez ရဲ့ အချစ်ရေးအသစ်အတွက် ပရိသတ်တွေကလည်း ဝမ်းသာဂုဏ်ပြုပေးနေကြသလို သူမရဲ့ နောက်ဆုံးထွက်ရှိထားပြီး ချစ်သူသစ်နဲ့ တူတူထုတ်လုပ်ထားတဲ့ “Single Soon” သီချင်းကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်က ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။

Ref; People

Leave a Reply

Your email address will not be published. Required fields are marked *