October 19, 2024

ကျောက်ဆည်မြို့ရှောင်လမ်းတွင် ယနေ့မနက်ဖြစ်ပွားသည့် ဆီသယ်ယာဥ် လမ်းချော်တိမ်းမှောက်၍ မီးလောင်မှု၌ ဆီဂါလန် ၈၀၀၀ ခန့် ဆုံးရှုံးခဲ့ဟု သိရ

၈. ၁၂. ၂၀၂၃
Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်းမှာ ဆီသယ်ယာဉ်တစ်စီး မီးလောင်မှု ဒီနေ့မနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ဆီဂါလန် ၈၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှောင်လမ်း မင်းရပ် ရပ်ကွက်အနီး၊ ရန်ကုန်-မန္တလေးကားလမ်းမှာ ဒီနေ့မနက် ၇ နာရီ မိနစ် ၅၀ ခန့်က ရန်ကုန်ဘက်ကနေ မောင်းနှင်လာတဲ့ ဆီဘောက်ဆာတွဲကားဟာ လမ်းချော်တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ကျောက်ဆည်ခရိုင်/မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၄ စီး၊ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းက ရေသယ်ယာဉ် ၁ စီး၊ တံတားဦးမြို့နယ်မီးသတ်စခန်းက ရေသယ်ယာဉ် ၁ စီး စုစုပေါင်း ရေသယ်ယာဥ်နဲ့ မီးသတ်ယာဥ်ရှစ်စီး သန္ဓေတပ်ဖွဲ့ဝင် ၃၅ ဦးနဲ့ တစ်နာရီကျော်ငြှိိမ်းသတ်ခဲ့ရပြီး နံနက် ၉ နာရီခွဲအချိန် မီးငြိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရတာပါ။

This image has an empty alt attribute; its file name is photo_2023-12-08_12-45-38-1024x558.jpg

ကနဦးစစ်ဆေးမှုတွေအရ ဟိုပင်မြို့နေ ယာဉ်မောင်းတစ်ဦးက စက်သုံးဆီတွေ တင်ဆောင်လာတဲ့ ဆီဘောက်ဆာယာဉ်ကို ရန်ကုန်ဘက်ကနေ သယ်ဆောင်ထွက်ခွာ မောင်းနှင်လာချိန် ရန်ကုန်-မန္တလေးကားလမ်း ကျောက်ဆည်မြို့ မင်းရပ်ရပ်ကွက်အနီး မြို့ရှောင်လမ်းအရောက် မိုးရွာသွန်းတာကြောင့် လမ်းချော်သွားလို့ နောက်တွဲယာဉ် ပြုတ်ထွက်ပြီး လမ်းရဲ့ယာဘက်မှာ တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဒီ မီးလောင်မှုကြောင့် စက်သုံးဆီနောက်တွဲနဲ့ 92 Ron ၅၂၅၉ ဂါလန်၊ 95 Ron ၈၁၈ ဂါလန်၊ ပရီမီယံဒီဇယ် ၁၉၂၀ ဂါလန် စုစုပေါင်း ၇၉၉၇ ဂါလန် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ကနဦးသိရပြီး ဒီ ဆီဘောက်ဆာ တိမ်းမှောက်မီးလောင်မှုကြောင့်တော့ ထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-08_12-45-55-1024x643.jpg

ဒါ့အပြင် ဒီနေ့မနက် ၉ နာရီ ၃၅ မိနစ်အချိန်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဲခုန်ကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာအနီး၊ ပဲခူးမြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် (၃၃/၄) မှာလည်း ဆီသယ်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဥ်မှာလည်း ပဲခူးခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့နဲ့ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းစဥ် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ။ ။ ပဲခူးနှင့် ကျောက်ဆည်မြို့နယ်တို့တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားသည့် ဆီသယ်ယာဥ်နှစ်စီးတိမ်းမှောက်ပြီး တစ်စီးမီးလောင်မှုမြင်ကွင်း (Photo – MFSD)

Leave a Reply

Your email address will not be published. Required fields are marked *