October 19, 2024

၁.၁၂.၂၀၂၃

Written By Thandar

IndrA Film Production & SYNERGY Entertainment Company တို့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား မိတ်ဆက်နဲ့ မင်းသား သုတအောင်၊ မင်းသမီး အိမ့်ချစ်ချစ်တို့ကို ဇာတ်ကား ၂၅ ကား ရိုက်ကူးဖို့အတွက် စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Inya Lake Hotel မှာ ကျင်းပခဲ့ပါတယ်။

“သုတအောင်နဲ့ ရှေ့မှာ မင်းကောင်းမင်းမြတ်နဲ့ နိုင်ငံကြီးသား ဇာတ်ကားကို ရိုက်လိုက်တော့ သုတအောင်ရဲ့ ကြိုးစားအားထုတ်ချင်စိတ်ရှိမှုတွေကို တွေ့ရတယ်။ အလုပ်နဲ့ ပတ်သက်ရင် အင်တိုက်အားတိုက် လုပ်ချင်တဲ့ မင်းသားတစ်ယောက်ဖြစ်တယ်။ ကျွန်တော်သူ့ကို ယုံကြည်လို့ ရွေးချယ်ဖြစ်တာပါ။ ၂၅ ကားက တစ်နှစ်ကို ငါးကား ရိုက်မယ်လို့ သဘော တူထားတယ်”လို့ IndrA Film Production & SYNERGY Entertainment Company က ကိုအောင်ကြီးက ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_6560-1024x682.jpeg

ဒီအခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌဦးကြည်စိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး IndrA Film Production & SYNERGY Entertainment Company က ကိုအောင်ကြီးက ရိုက်ကူးရေးတွေ လုပ်ဖြစ်တဲ့အကြောင်း ပြောဆိုကာ ဆက်လက်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဒါရိုက်တာကြီးတွေထံမှာ သရုပ်ဆောင် သုတအောင်နဲ့ အိမ့်ချစ်ချစ်တို့ကို ဂါရဝပြုအပ်နှံ မိတ်ဆက်ခဲ့ပါတယ်။

ဆက်လက်ရိုက်ကူးမဲ့ ဇာတ်ကားငါးကားဟာ ဒါရိုက်တာ မိုက်တီး က “အမေဟုခေါ်သည်” ရုပ်ရှင်ဇာတ်ကား ၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “ဘုန်းကြီးတစ္ဆေ” ရုပ်ရှင်ဇာတ်ကား ၊ ဒါရိုက်တာ ညိုမင်းလွင်က ” ငှက် “ရုပ်ရှင်ဇာတ်ကား ၊ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က “နတ်ဆိုးဘုရင်” ရုပ်ရှင်ဇာတ်ကား ၊ ဒါရိုက်တာ ဗညားက “ကျားဖောင်” ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးသွားကြမှာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is IMG_6555-1024x682.jpeg

“ကျွန်တော်တို့အခု ဇာတ်ကား၂၅ကားမှာ လျာထားတာက ဇာတ်ကား ၅ ကား အရင်ရိုက်ဖို့ပါ။ ရိုက်မယ့် ၅ ကားလုံးက တစ်ကားနဲ့တစ်ကား ကာရိုက်တာမတူဘူး။ အရမ်းကို စိတ်ဝင်စားစရာကောင်းမယ့် ကာရိုက်တာတွေ ပါတယ်။ ကျွန်တော့်ကို အခုလိုမျိုး ခေတ်ကာလအခြေအနေမျိုးမှာ ယုံယုံကြည်ကြည်နဲ့ လက်တွဲပေးတဲ့ IndrA Film Production ကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော့်ဘက်ကနေလည်း အများကြီး ကြိုးစားသွားမှာပါ ”လို့ သရုပ်ဆောင် သုတအောင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *