October 19, 2024

၂. ၁၂. ၂၀၂၃

Written by Thettant

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ Gym Trainer တစ်ယောက်က လာဆော့ကစားတဲ့ အမျိုးသမီးငယ်ယောက်ကို အဓမ္မကျုးလွန်ဖို့ကြံစည်မှုမှာ မိန်းကလေးတွေအပေါ် ကျုးလွန်တဲ့ Gym Trainer ချမ်းမြေ့ကို အလုပ်ထုတ်လိုက်သလို ကျုးလွန်တဲ့ Gym Trainer ဘက်ကလိုက်ပြီး လာဆော့ကစားသူအမျိုးသမီးငယ်ရဲ့ဝတ်ပုံစားပုံကို မေးမြန်းပြီး အပြစ်ဖို့တဲ့ ဧည့်ကြိုမနော်နီကိုပါ အလုပ်ထုတ်လိုက်တယ်လို့ Yangon Fitness Club – YFC က တရားဝင်ကြေညာထားပါတယ်။

ဖြစ်စဥ်ဟာ YFC – 6 လသာက Gym Trainer ချမ်းမြေ့ဟာ ပြီးခဲ့တဲ့ တန်ဆောင်တိုင်လပြည့်မှာ Gym Cardio Room မှာ သီးသန့် လာဆော့ကစားသူအမျိုးသမီးငယ်တစ်ယောက် အလေးမနေတာကို ကူညီပေးသလိုဟန်ဆောင်ပြီး ရင်သားတွေကိုင်တာ၊ စို့တာ၊ အဓမ္မကျင့်ဖို့ကြံစည်လို့ အတင်းရုန်းပြီးထွက်ပြေးခဲ့ရတာကို လူမှုကွန်ရက်မှာ ပို့စ်တင်ရာက YFC – 6 က Gym Trainer ချမ်းမြေ့ဟာ တခြားမိန်းကလေးတွေကိုလည်း ကျုးလွန်နေကြဖြစ်တယ်ဆိုတာ ပေါ်ပေါ်လာခဲ့ပါတယ်။ Gym Trainer ချမ်းမြေ့က အဓမ္မကြံစည်တာကို အရေးယူပေးဖို့ကျုးလွန်ခံရသူ အမျိုးသမီးရဲ့ သူငယ်ချင်းတွေ တိုင်ကြားမှသာ Gym Trainer ချမ်းမြေ့ကို အလုပ်ထုတ်ခဲ့တာဖြစ်သလို တိုင်ကြားချိန်မှာ Gym ဆော့တဲ့အမျိုးသမီးဝတ်စားတာကိုပဲ အပြစ်ဖို့တဲ့ ဧည့်ကြို မနော်နီကိုပါ YFC က အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is IMG_6550-819x1024.jpeg

Gym လာဆော့တဲ့အမျိုးသမီးငယ်ကို အဓမ္မကျုးလွန်ဖို့ကြံစည်တဲ့ Gym Trainer ချမ်းမြေ့နဲ့ မနော်နီနဲ့ပတ်သက်ပြီး အလုပ်ထုတ်လိုက်ကြောင်းကို YFC Management Teamက “Official Announcement – Blacklist”

မကြာသေးခင်က လူမှုကွန်ယက်၌ ပေါ်ပေါက်ခဲ့သော ဖြစ်စဥ်နှင့်ပတ်သက်၍ YFC မှ များစွာ စိတ်မကောင်းဖြစ်ရသလို ဖြစ်စဥ်အပေါ် ပြင်းထန်စွာ ရှုံ့ချပါသည်။ YFC-6 (Latha Branch) မှ Trainer ကိုချမ်းမြေ့ နှင့် Receptionist မနော်နီ တို့အား 1.12.2023 တွင် အလုပ်မှ ချက်ချင်း ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်(သတ်ပုံမူရင်းအတိုင်း)”လို့ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း YFC က အဓမ္မပြုကျင့်ဖို့ကြံစည်သူ Gym Trainer ချမ်းမြေ့ ကို အလုပ်ပဲထုတ်ပြီး တခြားတာဝန်ယူမှုမရှိတဲ့အပေါ်မှာတော့ ဆက်လက်မေးခွန်းထုတ်မှုတွေ Official Page အောက်မှာ အများအပြားရှိနေပါတယ်။

ဒီလိုမျိုး အဓမ္မကြံစည်တယ်လို့ စွပ်စွဲခံအလုပ်ထုတ်ခံထားရတဲ့ Gym Trainer ချမ်းမြေ့ကတော့ သူက Rape Case မလုပ်ခဲ့သလို ဆိုးရွားတဲ့ကျုးလွန်မှုလည်းမလုပ်ခဲ့ကြောင်း၊ YFC ရဲ့ ထုတ်ပယ်မှုလည်း ခံထားရကြောင်း၊ ဥပဒေနဲ့အညီဖြေရှင်းစေလိုကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ဖြေရှင်းထားသလို Gym Trainer ချမ်းမြေ့ရဲ့ လုပ်ရပ်ကို ဖော်ထုတ်ခဲ့တဲ့ အမျိုးသမီးငယ်ကလည်း ဒီဖြစ်ရပ်အပေါ် ဆက်လက်ရင်ဆိုင်ဖြေရှင်းမယ်လို့ အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *