October 19, 2024

၂.၁၂.၂၀၂၃

Written By Thandar

အလွမ်းသီချင်းမကြိုက်တဲ့ ရေဒီယို သီချင်းနဲ့ ပရိသတ်အားပေးမှုအခိုင်အမာ ရရှိခဲ့တဲ့ တေးရေး တေးဆို ပိုပိုရဲ့ Sorry Music Video ကို Dancer အကအဖွဲ့လူ ၂၈ ယောက်နဲ့ ကျပ်သိန်း ၁၂၀ ကျော်အကုန်ကျခံပြီး အကောင်းဆုံးပုံဖော်ထားတယ်လို့ ဆိုပါတယ်။

“ Sorry သီချင်းလေး ပိုပို စရေးကတည်းကလည်း ပိုပို ရေးနေကြ အသည်းကွဲ သီချင်းတွေနဲ့ မတူဘဲ ကွဲထွက်ချင်လို့ ဒီသီချင်းလေး ရေးဖြစ်တာပါ။ ပရိသတ်တွေကလည်း အသည်းကွဲသီချင်းတွေပဲ ကြိုက်တယ်ဆိုတာ သိတယ်။ ဒါပေမယ့် ပိုပို အသည်းကွဲသီချင်းတွေ မဆိုချင်တော့တာနဲ့ သူများနဲ့မတူတဲ့ Style တစ်ခုအနေနဲ့ ဒီခံစားချက်လေးဖြစ်လို့ ဆိုဖြစ်တာပါ။ ကိုယ့်မှာ ရည်းစားရှိတယ်။ Friday Night Out တစ်ခုမှာ မူးပြီးမှားတဲ့အချစ်လေးပေါ့။ မှားခဲ့တဲ့ အချစ်လေးကို ကိုယ်ကချစ်သွားတယ်။ ကိုယ့်လက်ရှိ ရည်းစားကို ဖြတ်လိုက်တဲ့အကြောင်းကို ပိုပိုရေးထားတာပါ”လို့ အဆိုတော် ပိုပိုကပြောပါတယ်။

This image has an empty alt attribute; its file name is IMG_6542-683x1024.jpeg

အဆိုပါ သီချင်းကို ခပ်ဟောဟော့ပုံစံ ပိုပိုက ရေးသားထားပြီးတေးရေး တေးဆို သားသားက တီးခတ်ပေးထားတယ်လို့ သိရပါတယ်။ ၃ လကျော် အချိန်ယူပြီး ဖန်တီးထားတဲ့ Music Video အတွက် Dancer အကအဖွဲ့ လူ ၂၈ ယောက်ထည့်ပြီး Performance အမိုက်စားတွေနဲ့ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေ Sorry သီချင်း ကြည့်ရှုလိုက်ရင်တော့ ကြည်နူးမှုရသတစ်ခု ခံစားရလိမ့်မယ်လို့ဆိုပါတယ်။

“နောက် Sorry သီချင်းလေးက အရမ်းကို အများကြီး ကြိုးစားထားတဲ့ သီချင်းလေးပါ။ အကသင်ပေးတဲ့ ထိုင်းလူမျိုးက အရမ်းတော်တယ်။ ဒီသီချင်းလေးမှာ ပိုပိုရဲ့ ခံစားချက်တွေ နည်းနည်းတော့ ပါခဲ့ပါတယ်။ အကုန်မတူတာတော့ မဟုတ်ပါဘူး။ ရည်းစားကို ဖြတ်လိုက်တာတွေတော့ တူတယ်။ ပိုပိုက အပြင်မှာတော့ Night Out မထွက်ပါဘူး ။ Dancer အဖွဲ့ ဝင်၂၈ ယောက်နဲ့ ပြင်ဆင်မှုအပိုင်းတွေရော ပိုပိုရဲ့ ဝတ်စုံပိုင်းတွေ သေချာ ရိုက်ထားတဲ့ ကုန်ကျစရိတ်တွေရှိတော့လေ။ ဒီသီချင်းကို ပိုပို သိန်း ၁၂၀ လောက်အကုန်အကျခံပြီး ပိုပို ဒီသီချင်းလေးကို ရိုက်ထားတာပါ”လို့ သူမက ဆက်ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_6546-1024x683.jpeg

အဆိုတော် ပိုပိုရဲ့ Sorry Music Video ကို ဒီနေ့ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီမှာ Po Po Official Page၊ YouTube Channel တွေကနေ တင်ပေးသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *