October 19, 2024

၂.၁၂.၂၀၂၃

Written By Thandar

အချစ်ဟာသ ဇာတ်လမ်းပုံစံ “ကြီးမှပေါက်တဲ့ဝက်သက်” ဇာတ်လမ်းတွဲကို မနက်ဖြန် ဒီဇင်ဘာ ၃ ရက်မှာ Mahar Application က HD Quality နဲ့ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

“အချစ်ဟာသဇာတ်လမ်းတွဲဖြစ်တဲ့အပြင် အပျိုကြီးနဲ့ လူပျိုကြီးဇာတ်ရုပ်ကို အဓိကထား ရိုက်ကူးထားတဲ့ ကားမို့ ပရိသတ်တွေ ရီရမှာပါ။ ဇာတ်လမ်းက ထူးထူးဆန်းဆန်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ပရိသတ်အမောပြေစေမယ့် ရယ်စရာဇာတ်လမ်းလေးပါ။ Love Scene လေးတွေ သေချာရိုက်ထားသလို ဟာသ အပျော်လေးတွေလည်း ထည့်ထားပါတယ်” လို့ ဒါရိုက်တာ ရာဇဝင်ကိုက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို စွမ်းပိုင်က ရေးသားပြီး ဒါရိုက်တာ ရာဇဝင်ကိုက သရုပ်ဆောင် ကျော်ကျော် ၊ စွမ်းထက် ၊ ထူးမြတ် ၊ ငြိမ်းချမ်း ၊ မျိုးမျိုးခိုင် ၊ ဂိုဂို ၊ ရွှေရင်အေး ၊ ပြည့်ဝတီမောင် ၊ ကျော်ဇင်ထွဋ် ၊ နေလင်း ၊ မင်းရဲစည်သူ ၊ ရဲလေးမ စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။

“ညီမက အဒေါ်ဖြစ်သူ ဇီဇာကြောင်တဲ့ အပျိုကြီးအန်တီမျိုးမျိုးခိုင်ရှိတယ်။ သူ့မှာ ဂိုဂိုရယ် ၊ ရွှေရင်အေးရယ်၊ ညီမတို့ရယ်ဆိုပြီး တူမသုံးယောက်ရှိတာ‌ပေါ့။ ဒီတူမတွေထဲက ညီမက အငယ်ဆုံးတူမ နန်းရင်ခွင်နေရာမှာ သရုပ်ဆောင်ထားပါတယ်။ ဟာသဇာတ်လမ်းဆိုတော့ ညီမရဲ့အပြင်က Type အတိုင်းပဲ ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ထားပါတယ်” လို့ သရုပ် ဆောင် ပြည့်ဝတီမောင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *