October 19, 2024

၃.၁၂.၂၀၂၃

Written By Thandar

ဝါရင့် ရုပ်ရှင်ဒါရိုက်တာ မောင်မောင်မြင့်လွင်(ဓာတ်ပုံ)ဟာ အသက် ၅၆ နှစ်အရွယ် ဒီနေ့ မနက် ၇ နာရီကျော်မှာ ကျောက် ကပ်ရောဂါနဲ့ ရန်ကုန်မြို့ ဘားလမ်းဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ ဇနီးဖြစ်သူမဖြူဖြူက ပြောပါတယ်။

“ကျောက်ကပ်ကြောင့် ဘားလမ်းဆေးရုံတင်ထားတာ ၆ ရက်မြောက်နေ့မှာ ဆုံးသွားတာပါ။ အစ္စလာမ်ဘာသာအရ ဒီနေ့ပဲ ချက်ခြင်း သင်္ဂြိုဟ်လိုက်ပါတယ်”လို့ ဒါရိုက်တာ မောင်မောင်မြင့်လွင်ရဲ့ ဇနီးဖြစ်သူ မဖြူဖြူက MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_6532.jpeg

ဒါရိုက်တာမောင်မောင်မြင့်လွင်ဟာ သားအချစ် မြေးအနှစ်၊အခွံ၊ ကြက်ဆွဲ၊ ဆူး၊ မကျေပွဲ၊ ငမုန်း၊ အပေအ‌တေဖိုးထိန်၊ ဘာလာလာ လာထား၊ ဘတ်ကီး၊ ယောက်ျားဆိုလာထား စတဲ့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ ဓာတ်ပုံဆရာ ဒါရိုက်တာတစ်ယောက်အနေနဲ့ အနုပညာသက်တမ်း နှစ် ၃၀ နီးပါးရှိပြီလို့လည်း သိရပါတယ်။

“သွားနှင့်ဦး အကိုရေ။ အလှည့်ရောက်လာရင်လာခဲ့ပါမယ်ဗျာ… ။ အေးချမ်းတဲ့ဘုံဘဝမှာစောင့်နေပါဗျာ…….”လို့ သရုပ်ဆောင် နေမျိုးအောင်ကလည်း ဒါရိုက်တာမောင်မောင်မြင့်အောင်အတွက် သူ့ဝမ်းနည်းမှုကို ပရိသတ်သိအောင် မျှဝေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *