October 19, 2024

၄. ၁၂. ၂၀၂၃

Written by Pan Ei

Marvel Cinematic Universe (MCU) ရဲ့ နောက်ဆုံးထွက်ရုပ်ရှင်သစ် ‘The Marvels’ ဟာ ထူးထူးခြားခြားအနေနဲ့ တောင်ကိုရီးယားက နာမည်ကြီးမင်းသား Park Seo Joon လည်းပါဝင်ထားပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ရုံတင်ငွေပိုင်းမှာတော့ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရကာ MCU ရုပ်ရှင်တွေထဲမှာ ဝင်ငွေအနည်းဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ကမ္ဘာ့နိုင်ငံတော်တော်များများမှာ စတင်ရုံတင်ခဲ့တဲ့ ‘The Marvels’ ဟာ ရုံတင်ပြီး လေးပတ်ကျော်ကြာတဲ့အထိ မြောက်အမေရိကမှာ ရုံတင်ငွေ ဒေါ်လာ သန်း ၈၀ နဲ့ တစ်ကမ္ဘာလုံးက ရုံတင်ငွေစုစုပေါင်းကတော့ ဒေါ်လာ ၁၉၇ သန်းသာရရှိခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is IMG_6517-1024x682.jpeg

‘The Marvels’ ကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄ သန်းကျော် အကုန်ကျခံရိုက်ကူးထားတာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာကြောင့် လက်ရှိရုံတင်ငွေအရ အရင်းတောင်မကျေခဲ့တာဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ ဇာတ်ကား ၃၃ ကားထွက်ရှိထားရာမှာ ဒေါ်လာ ၂၉ ဒသမ ၈ ဘီလျံအထိ ရုံတင်ငွေရရှိထားတဲ့ MCU အနေနဲ့တော့ “The Marvels” ရုပ်ရှင်ရဲ့ ရုံတင်ငွေ ဒေါ်လာ ၁၉၇ သန်းဆိုတဲ့ ပမာဏအတိုင်းအတာဟာ အထူးအဆန်းဖြစ်နေစေပါတယ်။

ဒါ့အပြင် “The Marvels” ဟာ ပြည်တွင်း Box Office မှာလည်း ဒေါ်လာ သန်း ၁၀၀ မကျော်တဲ့ ပထမဆုံး Marvel ဇာတ်ကားဖြစ်ပြီး Captain Marvel ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ The Marvels မှာ Brie Larson၊ Iman Vellani၊ Teyonah Parris နဲ့ Samuel L. Jackson စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေနဲ့အတူ Park Seo Joon က ပါဝင်သရုပ်ဆောင်ထားတာပါ။ မင်းသား Park Seo Joon ဟာ ဟောလိဝုဒ်မှာ The Marvels ရုပ်ရှင်နဲ့ ပွဲဦးထွက်တော့မယ်ဆိုတဲ့ သတင်းဟာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တကယ်ထွက်ခဲ့ချိန်မှာတော့ သူ့ရဲ့အခန်းက နှစ်မိနစ်ကျော်လောက်ပဲ ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ကြရပါသေးတယ်။

Ref; NME

Leave a Reply

Your email address will not be published. Required fields are marked *