October 19, 2024

၄.၁၂.၂၀၂၃

Written By Thandar

ကိုအောင်မြတ်နဲ့ အဆိုတော် ရွှေရည်သိန်းတန် တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်အလှူကို ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ အရှေ့ဒဂုံဆိပ်ကမ်းမြို့နယ်မှာ လူအယောက် ၅၀၀ စာ ထမင်းနဲ့ ဟင်းတွေ လှူဒါန်းခဲ့ပါတယ်။

“ရွှေရည်တို့ နှစ်ယောက်ရဲ့ ဒီနေ့အလှူလေးက ဒီဇင်ဘာ ၄ ရက်‌နေ့လေးဟာ ရွှေရည်တို့ရဲ့ လက်မှတ်ထိုးတဲ့အမှတ်တရနေ့လေးမှာ အရှေ့ဒဂုံဆိပ်ကမ်းမှာ ခက်ခဲနေကြတဲ့သူတွေ လှူဖြစ်ပါတယ်။ နောက်ရွှေရည်ကို အားပေးကြတဲ့ ပရိသတ်တွေအတွက်ရော၊ ရွှေရည်ရဲ့ ဖေဖေနဲ့ မေမေအတွက်လှူဖြစ်တယ်။နောက် ရွှေရည်ရဲ့ Customer တွေရော တစ်လုပ်စားဖူး သူ့ ကျေးဇူးဆိုတဲ့အတိုင်း ဝိုင်းဝန်းလှူဒါန်းတာပါ။ သာဓု ခေါ်ဆိုနိုင်ကြပါ‌စေ။ နောက်နောင်လည်း ရွှေရည်လှူဒါန်းနိုင်ဖို့ကြိုးစားနေပါတယ်”လို့ အဆိုတော် ရွှေရည်သိန်းတန်က ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_6513-1024x768.jpeg

သူမရဲ့ မင်္ဂလာ သက်တမ်း တစ်နှစ်ပြည့်အနေနဲ့ ယနေ့ လူအယောက် ၅၀၀ စာအတွက် ထမင်း၊ ကြက်သားဟင်း ၊ သီးစုံပဲကုလားဟင်း စတာတွေကို လှူဒါန်းခဲ့ကြပါတယ်။

သူမက ဖခင်ဖြစ်သူ ဂီတစာဆို တွံတေးသိန်းတန် ကွယ်လွန်ခြင်း ၂၄ နှစ်ပြည့် အလှူအနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်ကလည်း စတုဒိသာအလှူကို ပြုလုပ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *