October 19, 2024

၅.၁၂.၂၀၂၃

Written By Thandar

“နွယ်နီ” တေးသီချင်းနဲ့ ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ တေးရေး တေးဆို ညီမင်းခိုင်ရဲ့ ရင်တွင်းခံစားချက်တွေပါဝင်တဲ့ “ညီမင်းခိုင်နှင့် ဆယ့်ခြောက်နှစ်မိန်းမပျို” တစ်ကိုယ်တော် တေးသီချင်းခွေ မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Infinity Bar မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲက ကြိုးစားခဲ့တဲ့ ခွေလေး ခုမှ အကောင်အထည်ပေါ်လာတာပါ။ နောက်ဆုံးထွက်ခဲ့တဲ့ သီချင်းခွေနဲ့ဆိုရင် ၆ နှစ်ကျော်မှာ ပြန်ထွက်တဲ့အခွေပါ။ အလွမ်းသီချင်းတွေ မျိုးစုံတော့ ပါပါတယ်။ တစ်ပုဒ်ဆီမှာ ခံစားချက်တစ်မျိုးဆီတော့ ပါပါတယ်။ မန္တလေးသူ သီချင်းလေးက မန္တလေးက ကောင်မလေးတစ်ယောက်ကို ကြွေနေတုန်းက ရေးပြီး ဆိုဖြစ်တယ်။ အဝေးရောက် ရခိုင်သား သီချင်းလေးမှာ ရခိုင်လို တစ်ဝက် မြန်မာလို တစ်ဝက် အမှတ်တရလေး ဆိုထားပါတယ်” လို့ အဆိုတော် ညီမင်းခိုင်ကပြောပါတယ်။

This image has an empty alt attribute; its file name is IMG_6499-682x1024.jpeg

တေးသီချင်းခွေမှာ တေးရေး ညီမင်းခိုင် ၊ ဝေကြီး တို့က ရေးသားထားတဲ့ မန္တလေးသူ ၊ ကြိုပြော ၊ နေတတ်လာတယ်၊ အလွမ်းနယ်မြေ၊ တွေ့ဆုံကြုံကွဲ၊ Alcohol၊ ရေမစိုတဲ့မိုး ၊ အတိတ်ဝင်္ကဘာ ၊ အဝေးရောက်ရခိုင်သား တေးသီချင်း‌တွေပါဝင်ထားတာလည်းဖြစ်ပါတယ်။

“ဒီခေတ်ကာလမှာ သီချင်းခွေရောင်းရတာ မရတာ မသိဘူး။ ခွေက ၃၀၀ ပဲထုတ်တာပါ။ ခုကတော့ ဒီသီချင်းခွေလက်ဆောင်က ၁၀၀ ကျော်ပေးမှာ ခွေရောင်းရတာ မရတာထက် အမှတ်တရလေးဖြစ်အောင်ပါ။ တစ်ချိန်က တေးစီးရီးမိတ်ဆက်ပွဲတွေကိုလည်း လွမ်းပါတယ်”လို့ သူက ဆက်ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_6500-1024x682.jpeg

“ညီမင်းခိုင်နှင့် ဆယ့်ခြောက်နှစ်မိန်းမပျို ” တေးသီချင်းခွေကို မနက်ဖြန် ဒီဇင်ဘာ ၆ ရက်‌နေ့က စတင်ပြီး Master တေးထုတ်လုပ်ရေး၊ Melo Music App နဲ့ အွန်လိုင်းပလက်ဖောင်းတွေကတစ်ဆင့် ထွက်ရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *