October 19, 2024

၅.၁၂.၂၀၂၃

Written By Thandar

နာမည်ကြီးအနုပညာရှင်တွေနဲ့ ထိုင်းနိုင်ငံကဟာသမယ် သရုပ်ဆောင် Maeya Sun Sun တက်ရောက်လာတဲ့ “သရွီး” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ကို ဒီနေ့ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားက လွန်ခဲ့တဲ့ ၄ နှစ်လောက်ထဲက ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပါ။ သရဲ ဟာသကားလေးကို ကိုယ်က သရဲမလေးပေါ့။ ဒီထဲမှာ ကိုယ့်သရဲဆိုပေမယ့် ယောက်ျားလေးတွေဆိုရင် လိုက်ပြီး သရဲကလိုက်မခြောက်ဘူး။ မိန်းမ၊ ကလေးဆိုရင် သရဲက လိုက်ခြောက်တာပေါ့။ ဒီကြားထဲက ကိုယ်က ယောက်ျားလေး အဆင်လေးတွေဆိုရင် လူတွေကြားမှာလိုက်အိပ်သေးတာ။ ပျော်စရာလေးသရဲ ဟာသကားလေးပါ။ လာရောက်အားပေးကြပါဦး”လို့ သရုပ်ဆောင် ဂွမ်းပုံက ပြောပါတယ်။

This image has an empty alt attribute; its file name is IMG_6487-682x1024.jpeg

ဒီဇာတ်ကားမှာ အကယ်ဒမီမြင့်မြတ် ၊ တက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်ဇေယျာ၊ ထက်ထက်ထွန်း၊ ရွှေအိမ်စည်၊ Maeya Sun Sun နဲ့ အခြား အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

“ပရိသတ်တွေနဲ့လည်း လာတွေ့ချင်တယ်။ ဆွန်ဆွန်ရဲ့ ပထမဆုံး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလည်းဖြစ်တယ်။အခွင့်အရေးတွေ အများကြီးရရင်လည်း ထပ်ကြိုးစားချင်ပါသေးတယ်”လို့ ထိုင်းနိုင်ငံက ဟာသမယ် သရုပ်ဆောင် Maeya Sun Sun က ပြောပါတယ်။

“သရွီး” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာ ၇ ရက် အမျိုးသားနေ့မှာ မြန်မာတစ်ပြည်လုံး ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *