October 19, 2024

၃. ၁၂. ၂၀၂၃

Writer & Photo Naing Thuta

သူနာပြုတက္ကသိုလ်(မန္တလေး)၏ ၂၅ နှစ်ပြည့်(ငွေရတု) အထိမ်းအမှတ်အခမ်းအနားအား ယနေ့(ဒီဇင်ဘာ ၃ ရက်) မနက် ၁၀ နာရီမှ ၁၂ နာရီ ၃၅ မိနစ်အထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၁၀၅ လမ်းနှင့် ၁၀၆ လမ်းကြား၊ ၆၂ လမ်းပေါ်ရှိ သူနာပြုတက္ကသိုလ်(မန္တလေး)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်ဝင်းစိန်ပြောပြချက်အရ သိရသည်။

အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း၊ ကျောင်း သား/သူများမှ အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းမှ ၂၅ နှစ်ပြည့်(ငွေရတု)အထိမ်းအမှတ်ဂုဏ်ပြု အမှာစကားပြောကြားခြင်း၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်းမှ အမှာစကားပြောကြားခြင်း၊ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ခင်ဝင်းစိန်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ကျောင်းသား/သူများမှ ဂုဏ်ပြုသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ အထိမ်းအမှတ် ကိတ်မုန့်ခွဲခြင်း၊ အမှတ်တရ လက်ဆောင်များပေးအပ်ခြင်း၊ ကျောင်းသား/သူများ မှ ရွှေမြန်မာသာယာငြိမ်းချမ်း တိုင်းရင်းသား ပေါင်းစုံအကဖြင့်ဖျော်ဖြေပြီးနောက် ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *