October 23, 2024

တက်ကြိတ်ခံရသည့်ဆိုင်ကယ်အား တွေ့ရစဉ် (ဓာတ်ပုံ- ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း)

၂၃. ၁၁. ၂၀၂၂

Written by Hey Mar

ပင်စင်ထုတ်ရန် ဆိုင်ကယ် ကယ်ရီဖြင့် သွားရောက်စဥ် နောက်မှ Fawကား တစ်စီးက ဝင်တိုက်ကာ ကြိတ်မိသည့်ဖြစ်စဥ်ကြောင့် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးသေဆုံးခဲ့မှု ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်၌ ဖြစ်ပွားခဲ့ကြောင်း အုတ်တွင်းမြို့နယ် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ဖြစ်စဥ်မှာ အုတ်တွင်းမြို့နယ် ဘုရားလေးကျေးရွာမှ ဦးတင်လှ (၇၆) နှစ် သည် ပင်စင်လစာထုတ်ယူရန် အုတ်တွင်းမြို့သို့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ဦးကျင်ထူး(၅၁)နှစ် မောင်းနှင်သော ဆိုင်ကယ်ဖြင့် သွားရောက်ရာ Petro-K ဆီဆိုင်ရှေ့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ အနောက်မှ FAW ကားက တက်ကြိတ်မိပြီး နေရာတွင်ပင် နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသဖြင့် ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း မှ အုတ်တွင်းဆေးရုံ ရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့ကြောင်းသိရသည်။

လူနှစ်ဦး သေဆုံးစေခဲ့သည့် လက်ရှိဖြစ်စဉ်တွင် ဝင်ရောက်တိုက်မိသည့် Faw ကား၏ ယာဥ်မောင်းကိုလည်း ဖမ်းဆီးရမိထားပြီး အုတ်တွင်းရဲစခန်းမှ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *