၆. ၁၂. ၂၀၂၃
Written by MMAK
မန်ယူ Vs ချဲလ်ဆီး
နှစ်သင်းလုံး ခြေစွမ်း အကောင်းဆုံး အခြေအနေမှာ ရှိမနေဘူးဆိုပေမဲ့ ခုနောက်ပိုင်းမှာ ချဲလ်ဆီးက ပိုသာနေတာပါ။ မန်ယူအသင်း ခြေစွမ်းကျဆင်းနေသလို ဂိုးသမားနေရာမှာ အဓိကပြဿနာဖြစ်နေပြီး ဝေဖန်မှုတွေကြောင့် အသင်းရဲ့ စည်းလုံးမှု၊ ယုံကြည်မှု အားနည်းနေချိန် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဝေးကွင်း ချဲလ်ဆီးအသင်းက ကြေးပါးပါး ပြန်ပေးထားတာကို တွေ့ရပါတယ်။ အမှတ်ပေးဇယား ရပ်တည်မှု အဆင့် ၇ မှာရှိနေတဲ့ မန်ယူသနေနဲ့ အိမ်ကွင်းမှာ အထက်ကြေးမပေးနိုင်ဘူးဆိုတဲ့အတွက် ဘွတ်ကီတွေ မန်ယူဘက် ရှိမနေတာ သေချာပါတယ်။ တစ်ကမ္ဘာလုံး မန်ယူဖန်များသလို အိမ်ကွင်းမန်ယူကို စုပုံလောင်းကြေးထပ်လာမဲ့ အခြေအနေမှာ အဝေးကွင်းချဲလ်ဆီးအသင်းကို ဘွတ်ကီတွေ ပိုကြိုက်နေတာ တွေ့ရပါတယ်။ ပြား ၃၀ ရင်းပြီး ဘွတ်ကီတွေကြိုက်တဲ့ ချဲလ်ဆီးကိုပဲ ရွေးချယ်ထားချင်ပါတယ်။
အက်စတွန်ဗီလာ Vs မန်စီးတီး
အမ်မရီရဲ့ဗီလာ အိမ်ကွင်း ၆ ပွဲလုံး အနိုင်ရခဲ့သလို တစ်ပွဲကို သုံးဂိုး အနိမ့်ဆုံး သွင်းခဲ့တာ ဖြစ်ပါတယ်။ သုံးပွဲဆက် သရေကျခဲ့တဲ့ မန်စီးတီး နောက်ထပ်ခက်ခဲတဲ့ ပွဲတစ်ပွဲကို ရင်ဆိုင်ရဦးမှာ ဖြစ်သလို ရိုဒရီမပါတဲ့ ကွင်းလယ်ခံစစ်က အိမ်ကွင်းတိုက်စစ်ကောင်းတဲ့ ဗီလာကို သေချာပေါက် ဂိုးပေးရမှာပါ။ မန်စီးတီး နောက်ပိုင်းပွဲတွေမှာ ခံစစ် ပေးဂိုးများလာပေမဲ့ တိုက်စစ်ကတော့ သွင်းအားရှိပါတယ်။ တစ်လုံး ၄၀ စားပေါက်နေတဲ့ မန်စီးတီး ဂိုးရမှာဖြစ်သလို ဗီလာလည်း ဂိုးရမှာဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမှာဖြစ်လို့ ဂိုးပေါ် တစ်မျိုးတည်းကိုပဲ ရွေးချယ် ပေးလိုက်ပါတယ်။
ရှက်ဖီး Vs လီဗာပူး
ဇယားအောက်ဆုံးက တန်းတက် ရှက်ဖီးကို လီဗာပူးနှစ်ဂိုးသွင်း ပြားနှစ်ဆယ်ရှုံး ဂိုးပေါင်းကြေး လေးလုံးအပြည့်စားပေးထားပါတယ်။ အိမ်ကွင်းရှက်ဖီး ဂိုးသွင်းနိုင်ဖို့ မသေချာသလို သွင်းဂိုးတွေ အများကြီးမပေးရဖို့ ပိတ်ကစားရုံသာ ရှိပါတယ်။ ပိတ်ကစားလာမဲ့ ရှက်ဖီးကို လီဗာပူး ဂိုးပြတ်သွင်းပြီး ကြေးအောင်မှာလား မအောင်ဘူးလားစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ပွဲကြပ်ကာလမှာ အဝေးကွင်းလီဗာပူး ဘော်ဒီကြေးရော ဂိုးပေါင်းကြေးရော နှစ်ခုလုံး အောင်ဖို့တော့ အသည်းအ သန်ကြိုးစားလာဖို့ မရှိပါဘူး။ အိမ်ရှင်ရှက်ဖီး ဂိုးမရနိုင်ဘူးလို့ ယူဆသလို လီဗာပူးလ်တစ်သင်းထဲလည်း လေးဂိုးထိ သွင်းနိုင်မယ်လို့ မထင်ပါဘူး။ လီဗာပူးလ် အများဆုံးသွင်းသုံးဂိုးလောက်သာ ဖြစ်နိင်ပါတယ်။ ဒီတော့ ဂိုးအောက် တစ်ကြောင်းတည်းကို ရွေးချယ်ပေးချင်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် Vs ဘုန်းမောက်
ဘုန်းမောက် နောက်ဆုံးသုံးပွဲဆက် နှစ်ဂိုးစီ သွင်းနိုင်ခဲ့သလို ခြေစွမ်းကောင်းနေတာဖြစ်ပါတယ်။ ပဲလေ့စ် တစ်ပွဲတစ်ဂိုး သွင်းနိုင်ပေမဲ့ ခံစစ်က ပေးဂိုးများနေလို့ ရလဒ်တွေဆိုးနေတာဖြစ်ပါတယ်။ ပဲလေ့စ် ဒီပွဲပြီးရင် ဆက်တိုက်ဆိုသလို အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်တဲ့အတွက် အခုအိမ်ကွင်းပွဲမှာ အနိုင်ရဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံး တိုက်စစ် ဂိုးသွင်းနိုင်ကြသလို အရှုံးအနိုင်ပေါ်အောင် ကစားလာကြမှာဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ မြင်ရဖို့ရှိသလို နောက်တစ်ဂိုးဘယ်သူသွင်းသွင်း ဂိုးပေါ်မှာ ဖြစ်တဲ့အတွက် ဂိုးပေါ် တစ်ကြောင်းတည်းကို ရွေးချယ်ထားချင်ပါတယ်။
ဘရိုက်တန် Vs ဘရန့်ဖို့
ရလဒ်ဆက်တိုက်ကောင်းနေတဲ့ ဘရိုက်တန် ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲမှာ အရှုံးပေးခဲ့ရလို့ အခု အိမ်ကွင်းပွဲမှာ အနိုင်ရဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ ဘရိုက်တန် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲလုံး ဂိုးရထားသလို ဂိုးလည်းပြန်ပေးထားတာ တွေ့ရပါတယ်။ ဘရန့်ဖို့ကတော့ အိမ်ကွင်းကောင်းပေမဲ့ အဝေးကွင်းညံ့တဲ့အသင်း ဖြစ်ပါတယ်။ ဘရိုက်တန် အိမ်ကွင်း ဂိုးရမှာ သေချာပေမဲ့ အဝေးကွင်း ဂိုးသွင်းအားနည်းတဲ့ ဘရန့်ဖို့ကြောင့် ဂိုးပေါ်ဖို့ရာ ခက်မယ်ထင်ပါတယ်။ လူကြိုက်များလာနိုင်တဲ့ ဂိုးပေါ် တစ်ကွက်ဟာ ဘရိုက်တန် ဂိုးသွင်းမှသာ ဖြစ်နိုင်ပါတယ်။ ဒီတော့ အိမ်ရှင် ဘရိုက်တန်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။
ဖူဟမ် Vs နော်တင်ဟန် ဖောရက်စ်
ပြီးခဲ့တဲ့အပတ် လီဗာပူးလ်ရဲ့ အိမ်ကွင်းမှာ သုံးဂိုးသွင်းခဲ့သလို မိနစ် ၈၀ ကျော်အထိ ဦးဆောင်ထားနိုင်ခဲ့တဲ့ဖူဟမ်ရဲ့ ခြေစွမ်းမှန်းဆရ ခက်သလို မထင်ရင် မထင်သလို လုပ်တတ်တာတွေ့ရပါတယ်။ သုံးပွဲဆက် ရှုံးထားတဲ့ ဖောရက်စ်အသင်းကလည်း ခြေစွမ်းကျဆင်းနေတာပါ။ အိမ်ကွင်းမှာဖူဟမ် အနိုင်ရဖို့ကြိုးစားလာမှာ ဖြစ်သလို သုံးပွဲဆက်အရှုံးကြောင့် အနိုင်ရဖို့အတွက် အဝေးကွင်းမှာ ဖောရက်စ်အသင်း ဖွင့်ကစားမယ်ဆို ဖူဟမ်ရဲ့ တိုက်စစ်က ဂိုးပိုရနိုင်ခြေများတာ ဖြစ်ပါတယ်။ အိမ်ကွင်းလည်းဖြစ်သလို တိုက်စစ် ဂိုးမြူးနေတဲ့ ဖူဟမ် အနိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။ ဒီပွဲမှာတော့ အိမ်ရှင်ဖူဟမ် ဘော်ဒီအပြင် နှစ်ကျပ်ကွက် ရနိုင်တဲ့ ဂိုးပေါ်ကိုလည်း ရွေးချယ်ပေးချင်ပါတယ်။