October 19, 2024

၇. ၁၂. ၂၀၂၃
Written by Pan Ei

အမေရိကန် နာမည်ကြီး ပေါ့ပ်စတား တေလာဆွစ်ဟာ ၂၀၂၃ ခုနှစ်ရဲ့ အကျိုးအမြတ်အများဆုံး ကမ္ဘာတဝှမ်းဖျော်ဖြေရေးခရီးစဉ် The Eras Tours ကနေ ဝင်ငွေတွေရရှိခဲ့ပြီး ဘီလျံနာတစ်ဦးဖြစ်လာခဲ့သလို Time မဂ္ဂဇင်းရဲ့ ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ ချီးမြှင့်ခံခဲ့ရကာ Spotify မှာလည်း ကမ္ဘာတဝှမ်း ရေပန်းစားဆုံးအနုပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်က သူမရဲ့ နှစ်လို့တောင် ပြောလို့ရမယ့် ​​တေလာဆွစ်ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဗုဒ္ဓဟူးနေ့အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံရှိတယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပြီး ဘီလျံနာ ဂီတပညာရှင် စာရင်းမှာ Jay-Z၊ Rihanna၊ Kanye West၊ Diddy တို့နဲ့အတူ တေလာဆွစ်က ပါဝင်လာခဲ့တာပါ။

သူမဟာ သူမရဲ့ သီချင်းတွေနဲ့ ဖျော်ဖြေမှုတွေကို အခြေခံပြီး ဘီလျံနာဖြစ်လာတဲ့ ပထမဆုံး ဂီတပညာရှင်ဖြစ်တယ်လို့ Forbes က ဖော်ပြခဲ့ပါတယ်။

တေလာဆွစ်ရဲ့ အောင်မြင်မှုများစွာရရှိထားပြီး စံချိန်များစွာတင်ထားတဲ့ The Eras Tours ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လာမယ့်နှစ် မတ်လမှာ စင်ကာပူနိုင်ငံမှာ ဖျော်ဖြေသွားမှာဖြစ်ပြီး အဲ့ဒီ ဖျော်ဖြေပွဲဟာ အရှေ့တောင်အာရှမှာ ကျင်းပမယ့် သူမရဲ့တစ်ခုတည်းသော ဖျော်ဖြေပွဲလည်းဖြစ်ပါတယ်။

Ref; Forbes

Leave a Reply

Your email address will not be published. Required fields are marked *