October 19, 2024

၇ .၁၂ .၂၀၂၃
Written by Hey Mar

ဘီယာဆိုင်မှာ စနောက်ခဲ့တဲ့ဖြစ်စဥ်ကနေ ရပ်ကွက်တွင်းပြန်အရောက်မှာ စကားများရန်ဖြစ်ကြလို့ ရန်ပွဲကို ဝင်ရောက်ဖျန်ဖြေတဲ့ အမျိုးသမီး ၂ ဦးမှာ တစ်ဦးက ဓားထိုးခံရပြီး ကျန်တစ်ဦးက အရိုက်ခံရတဲ့ ဖြစ်စဥ် မနေ့က ဒီဇင်ဘာ ၆ ရက် ည ၁၀ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ပန်းဘဲတန်းအပိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ပန်းဘဲတန်းအပိုင် ကံတွင်းရပ်ကွက်မှာနေထိုင်တဲ့ ဓားဒဏ်ရာရ လူနာ မဝေမိုးရဲ့ ခင်ပွန်းဖြစ်သူကို တစ်ရပ်ကွက်ထဲနေ ညီအစ်ကို နှစ်ဦးက ဘီယာအတူသောက်ဖို့ခေါ်ယူသွားပြီး၊ ငွေမရှင်းဘဲ ဆိုင်မှာ ထားခဲ့တာကြောင့်၊ ရပ်ကွက်ထဲ ပြန်အရောက် နှစ်ဖက် စကားများရန်ဖြစ်ကြပြီး မဝေမိုးမှာ လည်ပင်းထိုးသွင်းဒဏ်ရာနဲ့ အစ်မဖြစ်သူ မဝေဦးက ခေါင်းရိုက်ခံရကာ သွေးထွက် ပေါက်ပြဲဒဏ်ရာအသီးသီးရရှိတာလို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-07_11-47-37.jpg

“ဦးခေါင်းပေါက်လူနာက သိပ်မစိုးရိမ်ရပေမယ့် လည်ပင်းဓားနဲ့ထိုးခံရတဲ့လူနာကတော့ ကံကောင်းလို့ လေပြွန်မထိတာပေါ့။ ဒဏ်ရာတော့များတယ်”လို့ သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတအသင်းတာဝန်ရှိသူက ပြောပါတယ်။

လူနာနှစ်ဦးကို အိုးဘို Rescue က လိုအပ်တဲ့ မြေပြင်ပြုစုကူညီမှုတွေ ပြုလုပ်ပေးခဲ့ပြီး စစ်ကိုင်းဆေးရုံ ပြင်ပလူနာဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အိုးဘိုကျန်းမာရေးနှင့် Rescue အသင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *