October 19, 2024

၇. ၁၂. ၂၀၂၃
Written by Naing Thuta

ဂန္ထဝင်ဂီတစာဆို နန်းတော်ရှေ့ဆရာတင်၏မြေး၊ အကယ်ဒမီ ဦးငြိမ်းမင်း ဇနီးဖြစ်သူ ဇာတ်သဘင်မင်းသမီးကြီး ဒေါ်နန်းခင်အေး ယမန်နေ့ညဦးပိုင်းက ၉၆ ပါးရောဂါဖြင့် ကွယ်လွန်သွားကြောင်း အနုပညာအသိုင်းအဝိုင်းများထံက သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အရှေ့ဘက်၊ ပုသိမ်ကြီးမြို့မှာ နေထိုင်တဲ့ ဂန္ထဝင်ဂီတစာဆို နန်းတော်ရှေ့ဆရာတင်ရဲ့ မြေး၊ ဇာတ်မင်းသားကြီး ဦးရွှေနန်းတင်နဲ့ ဒေါ်ခင်စန်းတင်တို့ရဲ့ သမီးကြီး၊ မင်းသား နန်းဝင်း ၊ မင်းသမီး နန်းခင်မွှေးတို့ရဲ့ အစ်မကြီး၊ စာရေးဆရာ ဇာတ်ညွှန်းဒါရိုက်တာ အကယ်ဒမီ ဦးငြိမ်းမင်း (ဦးမျိုးအောင် မြန်မာစာ)ရဲ့ ဇနီးဖြစ်သူ ဇာတ်ဘဘင်မင်းသမီးကြီး ဒေါ်နန်းခင်အေးဟာ ဒီဇင်ဘာ ၆ ရက် ည ၇ နာရီ ၅၀ မိနစ်က ၉၆ ပါးသောရောဂါနဲ့ ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ပါတယ်။

အခုလို အနုပညာရဲ့ ကြယ်တစ်ပွင့် ကြွေလွင့်ရတာနဲ့ ပတ်သတ်ပြီးတော့ အနုပညာရပ်ဝန်းအသီးသီးမှ ရပ်ဝေးရပ်နီးမိတ်ဆွေများက မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *