October 19, 2024

၅.၁၂.၂၀၂၃

Written by KL

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ဟုတ်ချောင်းတံတား အထက်ပိုင်း၊ မယ်ယန်းရွာ အစပ်တွင် အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးရေနစ်ပျောက်ဆုံးခဲ့ရာ ၂ ရက်ခန့်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကူညီရှာဖွေပေးခဲ့သော ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေးမှာ ဒီဇင်ဘာ ၃ ရက်နေ့ကတည်းက ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး အသင်းအနေဖြင့် ချောင်းဘေးတစ်လျှောက် ရှာဖွေပေးခဲ့ရာ ဒီဇင်ဘာ ၄ရက် ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ရေနစ်သူကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is IMG_6448-1024x768.jpeg

ရေနစ်သေဆုံးသူမှာ မောင်ကျော်မင်းထက် (၁၂နှစ်)ဖြစ်ပြီး တာချီလိတ်မြို့နယ် ဖန်မင်အုပ်စု မယ်ယန်းကျေးရွာနေသူဖြစ်ကြောင်း သိရသည်။ ရေနစ်သေဆုံးသူကို ရှာဖွေခဲ့ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းနှင့် ရွှေမယ်ယန်း လူမှုကူညီရေးအဖွဲ့တို့က ပူးပေါင်းရှာဖွေခဲ့ကြကြောင်း သိရပြီး

သေဆုံးသူ ကလေးငယ်၏ ရုပ်အလောင်းကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *