October 19, 2024

၆.၁၂.၂၀၂၃
Written By Thandar

စာပေချစ်ပရိသတ်တွေရဲ့ စာရေးဆရာမ ပုညခင်ရဲ့ “ပန်းတွေပွင့်ဖို့စောင့်ရချိန်” ဝတ္ထုကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံက Lijiang စာအုပ်တိုက်နဲ့ ဘာသာပြန်ထုတ်ဝေဖို့အတွက် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ကမ္တာတဝှမ်းဖြန့်ချခွင့်ရရှိတယ်လို့ သိရပါတယ်။

“ကျွန်မရဲ့ ပန်းတွေပွင့်ဖို့စောင့်ရချိန် ဝတ္ထုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဘာသာပြန်ဆို ထုတ်ဝေဖို့အတွက် တရုတ်နိုင်ငံက စာအုပ်တိုက်တစ်တိုက်က ၂၀၂၂ ခုနှစ်မှာ စတင်ကမ်းလှမ်းလာခဲ့ပါတယ်။ တစ်နှစ်တာအတွင်း Lijiang စာအုပ်တိုက်နဲ့ အကြိမ်ကြိမ်ညှိနှိုင်းပြီးတဲ့နောက် ဒီနေ့မှာ နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ Lijiang စာအုပ်တိုက်ကိုယ်စား မြန်မာနိုင်ငံဘက်က ကျွန်မနဲ့ ညှိနှိုင်းပေးသူက တရုတ်သံရုံး တတိယ အတွင်းဝန် ဒေါ်နွဲ့ကဗျာ ဖြစ်ပါတယ်”လို့ စာရေးဆရာမ ပုညခင်က ပရိသတ်သိအောင် ဒီဇင်ဘာ ၆ ရက် နံနက်မှာဖွင့်ဟလာပါတယ်။

Lijiang စာအုပ်တိုက်ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်စာအုပ်တိုက်တစ်တိုက်ဖြစ်ပြီး သက်တမ်းအားဖြင့် အနှစ် ၄၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ စာအုပ်အမျိုးအစားပေါင်း ၈၀၀၀ ကျော် ထုတ်ဝေခဲ့ပြီးဖြစ်တဲ့အပြင် နိုဘယ်ဆုရစာအုပ်တွေ အပါအဝင် စာအုပ်များစွာကို ကမ္ဘာတဝှမ်းထုတ်ဝေဖြန့်ချိလျက်ရှိပါတယ်လို့ သိရပါတယ်။

“စာအုပ်တိုက်ဘက်က ကျွန်မရဲ့စာအုပ်ကို hardcover version, paperback version, digital version များဖြင့် ကမ္ဘာတဝှမ်းထုတ်ဝေဖြန့်ချိပေးမှာဖြစ်ပါတယ်။ စာရေးဆရာဘဝ အမှတ်တရ နေ့လေးတစ်နေ့မို့ Facebook မှာ မှတ်တမ်းတင်ရင်း နည်းနည်းလည်း ကြွားလိုက်ရပါတယ်” လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *