October 19, 2024

၅. ၁၂. ၂၀၂၃
Written By Thandar

အချစ်ဒရာမာ ဇာတ်လမ်းပုံစံ “ယုံတမ်း” ဇာတ်လမ်းတွဲမှာ တည်ငြိမ်ပြီး ကလေးတစ်ယောက်ရဲ့မိခင် ကျောင်းဆရာမနေရာက ပါဝင်ရလို့ Challenge ဖြစ်တယ်လို့ သရုပ်ဆောင် ချိုမဒီသွင်က ဆိုပါတယ်။

“ငယ်ငယ်လေးထဲက အတူတူ ကြီးပြင်းလာတဲ့ သူငယ် ချင်းသုံးယောက်ရဲ့ ဇာတ်လေးပါ။ တကယ်တော့ ဒီဇာတ်ကားမှာ သင်ဇာဆိုတဲ့ ကာရိုက်တာက ချို့အတွက် အများကြီး အပြောင်းအလဲဖြစ်ရတဲ့ ကာရိုက်တာလေးပါ။ ချိုက ကျောင်းဆရာမ ကလေးတစ်ယောက်မိခင်ပေါ့။ တည်ငြိမ်ပြီး ကလေးတစ်ယောက်ရဲ့မိခင် အမျိုးသမီး နေရာက ပါဝင်ရလို့ ချို့အတွက် Challenge လည်းဖြစ်ပါတယ်။ အရင်ရိုက်ထားတဲ့ကားတွေရဲ့ Character အကုန် လုံးကို ပြောင်းပြန်လှန်ပစ်မယ့် ကာရိုက်တာမျိူးပါ”လို့ သရုပ်ဆောင် ချိုမဒီသွင်က MTNews Entertainment ကိုပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-05_14-47-32-683x1024.jpg

ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ရွှန်းလဲ့ရွှေရည်၊ ဇာတ်ညွှန်း ရွှန်းလဲ့ရွှေရည်နဲ့ Bonnie တို့က ရေးသားပြီးတော့ ဒါရိုက်တာ မေဘရဏီက သရုပ်ဆောင် ထက်အောင်ရှိုင်း ၊ ဝေဖြိုး ၊ မျိုးကိုကျော် ၊ ခြူးလေး ၊ ချိုမဒီသွင် ၊ မိုးပွင့်ဖြူ စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

“ရှေ့မှာ ချို ရိုက်ခဲ့တဲ့ အမုန်းဇာတ်လမ်းတွဲမှာ ခပ်ဆိုးဆိုး ကောင်မလေး နေရာက ပရိသတ်က မြင်ပြီးသွားပြီပေါ့။ တွယ်တာနှောင်ကြိုးမှာလည်း အိမ်ထောင်သည် တစ်ယောက်ပေါ့။ ချိုအနေနဲ့ ကာရိုက်တာတွေ တစ်ကားနဲ့ တစ်ကားမတူအောင် ကြိုးစားရိုက်ကူးနေပါတယ်။ ချို ပါဝင်ထားတဲ့ ဇာတ်ကားတွေ ကာရိုက်တာ လိုအပ်ချက်တွေရှိရင်လည်း ဝေဖန်အကြံပေးလို့ရပါတယ် ” လို့ သူမက ဆက်ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-05_14-47-39-683x1024.jpg

သူမက Mahar Application က ရိုက်ကူးတင်ဆက်ခဲ့တဲ့ အမုန်း ၊ တွယ်တာနှောင်ကြိုး ၊ အမုန်းရဲ့အလွန် ဇာတ်လမ်းတွဲကို ပါဝင်သရုပ်ဆောင်ထားခဲ့သူလည်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ အနေနဲ့ ရည်ရွယ်မိုး၊ အထိန်းတော် ၊ နံပါတ်များနဲ့မြို့၊ အစွဲ စတဲ့ ဇာတ်ကားတွေကို ရိုက်ကူးထားသူလည်း ဖြစ်ပါတယ်။ “ယုံတမ်း” ဇာတ်လမ်းတွဲကိုတော့ မကြာခင် Mahar Application က ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *