October 23, 2024

MT News

Written by Min Mahar

နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လည်က ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဇ) ရပ်ကွက်ရုံးကို Anonymous Force MDYနှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းပြီး ဗုံးဖြင့်ပစ်ပေါက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၂ ရက် နေ့လည် ၂ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနှင့် ၁၃၃ လမ်းထောင့်ရှိ (ဇ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Anonymous Force MDY အဖွဲ့နှင့် မဟာမိတ်အဖွဲ့များဖြစ်ကြသော Truth Keeping AMA အဖွဲ့၊ Mandalay Young Force အဖွဲ့တို့ ပူးပေါင်းပြီး ဗုံးပစ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

“နေ့လည်ကတော့ အုံး ဆိုပြီးအသံအကျယ်ကြီးပဲကြားလိုက်တယ်။ (ဇ) ရပ်ကွက်ရုံးကို ဗုံးနဲ့ပစ်သွားတာလို့ ပြောနေကြပြီး ခေါင်မိုးတွေပါ လန်သွားတယ်လို့ ကြားတယ်။ လူအထိအခိုက်တော့ အတိအကျမကြားမိဘူး။ အဲဒီနေရာက လုံခြုံရေးတင်းကြပ်တဲ့နေရာတွေထဲက တစ်ခုပဲ။ တပ်နဲ့ရဲတွေတော့ ပိတ်ဆို့စစ်ဆေးနေတာတွေတော့ တွေ့တယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ယခုလအတွင်း အဆိုပါ Anonymous Force MDY အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများက မန္တလေးမြို့ပေါ်တွင် မကြာခဏ ဗုံးဖောက်ခွဲခြင်း၊ ပြည်သူများအား ဒလန်ဟုစွပ်စွဲကာသတ်ဖြတ်နေကြခြင်း၊ အများပြည်သူများအားခြိမ်းခြောက် ပြောဆိုခြင်းများကိုလည်း မကြာခဏ ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *