October 19, 2024

၄.၁၂.၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ အောက်ချိုင့်မှတ်တိုင်နှင့် TU မှတ်တိုင်ကြားတွင် ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီခန့်က ဆိုင်ကယ်နှင့်ကားတစ်စီးတိုက်မိရာမှ ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့မလူမှုကူညီရေးအသင်းထံမှ သိရှိရသည်။

အဆိုပါ ယာဥ်မတော်တဆမှုကြောင့် ဆိုင်ကယ်ပေါ်မှ အမျိုးသား နှစ်ဦးစလုံး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ မှော်ဘီဆေးရုံသို့ တင်ပို့ကုသစဥ် အသက်၂၀ အရွယ်ခန့် အမျိုးသားမှာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

“သေဆုံးသူကလေးက တော်တော် အခြေအနေဆိုးသွားတယ်။ အောက်ပိုင်း ရစရာမရှိဘူး”ဟု ယာဥ်မတော်တဆမှုကို တွေ့မြင်ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

ယာဥ်မတော်တဆမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း သိရပြီး မှော်ဘီမြို့ဝင်မြို့ထွက်လမ်းများတွင် လမ်းမီးများ ရှိပါက ယာဥ်အန္တရာယ်ဖြစ်မှုများ လျော့ကျသွားမည်ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *