October 19, 2024

၄. ၁၂. ၂၀၂၃
Written by Nyein Kyaw

လားရှိုးမြို့၊ ဘိန်းစားတောထဲတွင် ပိုင်ရှင်မဲ့ သေဆုံးနေသူ အမျိုးသားရုပ်လောင်းအားတွေ့ရှိခဲ့သဖြင့် လာရှိုးပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူမိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း လာရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် ယနေ့တွင် လားရှိုးမြို့၊ ရပ်ကွက် (၅)၊ (၄၃) လမ်း၊ အေဒင်ဘုရားကျောင်းအနီးတွင် သေဆုံးနေသူ အမျိုးသားရုပ်အလောင်းကို လားရှိုးပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ)သို့ ကမ္ဘောဇနာရေးကူညီမှုအသင်းမှ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။

This image has an empty alt attribute; its file name is photo_2023-12-04_13-57-53-1.jpg

သေဆုံးသူ၏ မိသားစုများ အဆက်အသွယ်ရရှိစေရန် သေဆုံးသူအမျိုးသား၏ ဓာတ်ပုံနှင့် သေဆုံးသူအမျိုးသားတွင် ပါရှိသည့် ထင်ရှားသည့် အမှတ်အသားများကို ရိုက်ထားသည့် ဓာတ်ပုံများကို အခြားသော လားရှိုးမြို့ရှိ ပရဟိတအသင်းများအနေဖြင့်လည်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က သေဆုံးသူ ပိုင်ရှင်ကိုတွေ့ဖို့အတွက် ကျွန်တော်တို့ Facebook မှာ တင်ပေးတာ။ သူဘာကြောင့် သေတယ်ဆိုတာတော့ သေချာမသိဘူး။ သေဆုံးသူက သူ့ရုပ်ရည်က ပိုင်ရှင်ရှိနိုင်တယ်လေ။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဘိန်းစားတောထဲမှာသေတာ။ သူဘာကြောင့် သေတယ်ဆိုတာတော့ မသိဘူး” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *