October 19, 2024

၁. ၁၂. ၂၀၂၃

Written by Zaw Moe

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဂျပန်-မြန်မာ လက်အိတ်စက်ရုံ၏ မန်နေဂျာအား PDF များက ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ပြန်လည်ဖြေကြားထားသည်။

“မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာအနီးရှိ ဂျပန်-မြန်မာ (ခုရိုဒ) လက်အိတ်စက်ရုံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် PDF ၁၀ ဦးခန့် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး စက်ရုံမန်နေဂျာအား စက်ရုံပိုင် Light Truck ကားဖြင့် ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် အကြမ်းဖက်အဖွဲ့၏ သတင်းဆက်လက်ရရှိရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်” ဟု ပြန်လည်ဖြေကြားသည်။

PDF များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စက်ရုံအလုပ်ရုံ တာဝန်ရှိသူများကို ပြန်ပေးဆွဲ၍ ငွေကြေးတောင်းခံခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင်လည်း PDF များက လက်နက်ဖြင့် လာရောက်ခြိမ်းခြောက်၍ ပခုက္ကူမြိုနယ်၊ ပန်းတိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ကျပ်သိန်း ၁၀,၀၀၀ နှင့် ပြန်လည်ရွေးယူခိုင်းရာ ကျပ်သိန်း ၂၀၀၀ ဖြင့် ညှိနှိုင်းပြီး ပြန်လည်ကယ်ဆယ်ခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *