October 19, 2024

၁. ၁၂. ၂၀၂၃

Written by Nyein Kyaw

ဒေါ်လာဈေးနှုန်း ကျဆင်းနေသော်လည်း ကမ္ဘာ့‌ရွှေဈေး ဆက်တိုက်မြင့်တက်နေ၍ ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာခဲ့ပြီး ယနေ့တွင် အ‌ခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၆၇၅,၀၀၀ ဖြစ်ပေါ်လျက်ရှိသည်။

ပြည်တွင်း၌ တစ်ဒေါ်လာ ကျပ် ၃၅၀၀ အထိ မြင့်တက်ခဲ့သည့် ဒေါ်လာဈေးသည် ဒီဇင်ဘာ ၁ ရက် (ယနေ့)တွင် တစ်‌ဒေါ်လာ ကျပ် ၃၃၇၅ ကျပ်သို့ ကျဆင်းခဲ့ပြီး တစ်ပတ်အတွင်း ဒေါ်လာဈေးနှုန်း ၁၂၀ ကျော် ကျဆင်းခဲ့သော် လည်း နိုဝင်ဘာ ၂၄ ရက်အထိ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ အောက်သာရှိသည့် ကမ္ဘာ့ရွှေဈေးသည် ယနေ့တွင် တစ်အောင်စကို ၂၀၄၈ ဒေါ်လာအထိ မြင့်တက်ခဲ့၍ တစ်ပတ်အတွင်း ဒေါ်လာ ၅၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၉ ရက်တွင် ကျပ် ၃၆ သိန်းအောက်သို့ ပြန်လည်ကျဆင်းခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းသည်လည်း ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၆၇၅,၀၀၀ သို့ ပြန်လည်မြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်း ကျပ် ၁၅,၀၀၀ ခန့် မြင့်တက်လာခဲ့သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် နိုဝင်ဘာ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၃,၆၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၀၀ ကျပ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ရွှေဈေးနှုန်း ၃,၆၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၀၀ ကျပ်၊ နိုဝင်ဘာ ၃၀ တွင် ရွှေဈေးနှုန်း ၃,၆၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၉၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *