October 19, 2024

◾ ဝေဟင်၊ ရေပြင်၊ ရေအောက် ကာကွယ်ရေးများကို နှစ်ရက်ကြာ ပြုလုပ်မည်

၁. ၁၂. ၂၀၂၃

Written by Nyein Kyaw

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေ) စစ်သင်္ဘောများနှင့် မြန်မာ့တပ်မတော်(ရေ) စစ်သင်္ဘောများ ရေကြောင်းလုံခြုံရေးလေ့ကျင့်ရန်အတွက် ယနေ့ ညနေပိုင်းတွင် လေ့ကျင့်ရေးပင်လယ်ပြင် ဧရိယာသို့ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တပ်မတော်(ရေ)က စစ်ရေယာဉ်များဟာ ဒီနေ့ညနေပိုင်းမှာတော့ မြန်မာနိုင်ငံက စစ်ရေယာဉ်များနဲ့အတူ ပင်လယ်ပြင်မှာ ကျွန်တော်တို့ လေ့ကျင့်ရေးဆောင် ရွက်မယ့် ဧရိယာကို ထွက်ခွာပြီး ပူးပေါင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း စတင်ဆောင်ရွက်လျက်ရှိပါတယ်။ မနက်ဖြန်အထိ လေ့ကျင့်မှာဖြစ်ပါတယ်။ အဲဒီမှာတော့ ဝေဟင်ရန်၊ ‌ရေပြင်ရန်၊ ‌‌ရေအောက်ရန် ကာကွယ် ရေး လေ့ကျင့်ခန်းများ အတူပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးစဉ်များအတွက် တရုတ် တပ်မတော်(ရေ)၏ စစ်သည်အင်အား ၇၀၀ ခန့် ပါရှိသည့် စစ်သင်္ဘော ၃ စီးသည် ရန်ကုန်မြို၊ သီလဝါဆိပ်ကမ်းသို နိုဝင်ဘာ ၂၇ ရက်တွင် ရောက်ရှိခဲ့ပြီး စစ်ရေယာဉ် ၃ စီးတွင် ပါဝင်ခဲ့သည့် စစ်သည်များအနေဖြင့် မြန်မာနိုင်ငံအတွင်း ချစ်ကြည် ရေးလည်ပတ်မှု၊ လေ့လာရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၏ မဟာ ဗျူဟာ မိတ်ဖက်နိုင်ငံများအဖြစ် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်များအကြား ချစ်ကြည်မှုကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *