၁. ၁၂. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ဒေါ်လာ သုည ဒသမ ၁၈၀ သန်းနှင့် ကျပ် ၃၁၃,၀၉၂ ဒသမ၉၇၀ သန်း (ကျပ်ဘီလျံ ၃၁၀ ကျော်)ရှိ ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းအသစ် ၃ ခုကို ခွင့်ပြုပေးခဲ့ကြောင်း ယနေ့ ပြုလုပ်သည့် (၅/ ၂၀၂၃) ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အစည်းအဝေးမှ သိရသည်။
ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုအနေဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၇၄၄ ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဦးစားပေးဖိတ်ခေါ်ထားသည့် စိုက်ပျိူးရေး လုပ်ငန်းများလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံ/ဒေသပေါင်း ၅၂ ခုမှ ရင်းမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၃၆၀ ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄၂၈ ခု လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူ၊ တရုတ်၊ ထိုင်းနိုင်ငံတို့က အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။