October 19, 2024

MT News

၂. ၁၂. ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက်နေတဲ့ MNDAA ကို အထောက်အကူပြုနေတဲ့ အင်အားဟာ TNLA ၊ KIA ၊ AA အဖွဲ့တွေနဲ့ ပြည်ပက ဒရုန်းပညာရှင်တွေ အပါအဝင် စုစုပေါင်းအင်အား ၆၅၀၀ ခန့်ပဲရှိတယ်လို့ ပြောဆိုတဲ့အပေါ် ဒရုန်းပညာရှင် ၆၅၀၀ က ကူညီနေတယ်လို့ ပုံဖျက်ဖော်ပြခံရတယ်လို့ သိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး(၆/၂၀၂၃) မှာ “ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်းရှိ တပ်မတော်လုံခြုံ ရေးစခန်းများကို တိုက်ခိုက်ရာတွင် TNLA ၊ KIA ၊ AA အဖွဲ့တို့အပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ Drone ပညာရှင်များ စုစုပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကိုတွေ့ရှိရကြောင်း”လို့ ပြောကြားခဲ့တာကို တရားမဝင်သတင်းဌာနတွေက ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ ပြည်ပက ဒရုန်းပညာရှင် ၆၅၀၀ ခန့်ပါဝင် ကူညီ တိုက်ခိုက်ပေးနေတယ်လို့ လိုရာဆွဲပြီး သတင်းမှားတွေ ဖြန့်ဝေနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *