October 19, 2024

၂ .၁၂. ၂၀၂၃

Written by Hey Mar

ပုလင်းခွံတွေ တင်ဆောင်လာတဲ့ တွဲကားတစ်စီး ကွေ့ကြောမှာ အရှိန်လွန်တိမ်းမှောက်ရာက ပလုံကောက်တဲ့ ဘေးတွဲဆိုင်ကယ်တစ်စီးအပေါ် ပိပြီး အမျိုးသားတစ်ဦးဒဏ်ရာအပြင်းအထန်ရရှိတဲ့ ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့၊ ရွှေဘိုလေးကွေ့မှာ ဖြစ်ပွားခဲ့တယ်လို့ဒေသခံ ပရဟိတ အသင်းတချို့ထံက သိရပါတယ်။

တွဲကားပေါ်တင်ဆောင်လာတဲ့ ပုလင်းခွံတွေ ဖုံးအုပ်နေတာကြောင့် လူကို ကယ်ဆယ်ရာမှာ အခက်အခဲ ဖြစ်နေပြီး နှောင့်နှေးကြန့်ကြာနေရတယ်လို့ ကယ်ဆယ်ရေးမှာပူးပေါင်းပါဝင်နေတဲ့ Save The Tree Recuse Team မှတာဝန်ရှိသူက ဆိုပါတယ်။

This image has an empty alt attribute; its file name is IMG_6349.jpeg

“ကားမှောက်တာမှာ ပလုံကောက်တဲ့ ဆိုင်ကယ်ဘေးတွဲပေါ်ပိမိတာပါ။ တစ်ယောက်တော့ ဆွဲထုတ်နိုင်ပြီ။ ပုလင်းတင်တဲ့တွဲကားဆိုတော့ ပုလင်းတွေနဲ့ပိနေလို့ အချိန်ကြာနေပါတယ်။ အသက် ၄၀ အရွယ် အမျိုးသားကို ဆွဲထုတ်နိုင်တာပါ။ အခြေအနေကတော့ မကောင်းဘူး။ အရိုးတွေ ကျိုးကြေ ဒဏ်ရာများပါတယ်။ အောက်ထဲလူကျန်မကျန် အတည်မပြုနိုင်သေးပါဘူး။ ပတ်ဝန်းကျင်ကတော့ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ကျန်တယ်ပြောတယ်” လို့ တောင်ငူ Save The Tree Recuse Team မှ ကိုကျော်သူရက MT News ကို ပြောပါတယ်။

ကယ်ဆယ်ထုတ်ယူနိုင်ခဲ့တဲ့ အမျိုးသားလူနာကို အဆိုပါပရဟိတအသင်း သူနာတင်ယာဉ်နဲ့ တောင်ငူဆေးရုံကြီးအရေးပေါ်ကုသရေးဌာနကို ပို့ဆောင်ပေးခဲ့ပြီး ကရိန်းနဲ့ ကားကို မတင်ရှာဖွေရာမှာတော့ ကားအောက်နဲ့ ပုလင်းခွံတွေ အောက်မာ ပိမိသူမရှိဘဲ အမျိုးသားတစ်ဦးတည်းသာ ထိခိုက်ဒဏ်ရာရရှိတာကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo – Save The Tree Recuse Team

Leave a Reply

Your email address will not be published. Required fields are marked *