October 19, 2024

၂.၁၂.၂၀၂၃

Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်း Comilla ခရိုင်၏ Chauddagram နယ်မြေအတွင်း ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ငလျင်ဒဏ်ကြောင့် တီရှပ်များချုပ်လုပ်ရာစက်ရုံအဆောက်အအုံ၏အပြင်ဘက်သို့ အလုပ်သမားများ ကြောက်လန့်တကြားပြေးထွက်ကြရာမှ အဆိုပါအထည်စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Chauddagram နယ်မြေ၏ ကျန်းမာရေးအရာရှိ ဂိုလမ် ကီဘရီးယားက ဒဏ်ရာရရှိခဲ့သောအလုပ်သမားများကို ကျန်းမာရေးအဖွဲ့များက ပြုစုကုသပေးနေကြောင်း၊ မည်မျှဆေးရုံတင်ခဲ့ရသည်ကို အတိအကျမပြောနိုင်သေး ကြောင်း၊ ဒဏ်ရာရသူအရေအတွက်တိုးလာနိုင်သေးကြောင်း၊ သို့သော် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ထိခိုက်မိသူမရှိကြောင်း ပြောကြားသွားခဲ့သည်။

Chauddagram နယ်မြေ၏ ရဲစခန်းမှူးကလည်း ငလျင်ကြောင့် စက်ရုံအတွင်းမှထွက်ပြေးကြရင်း ဒဏ်ရာရသူအများအပြားရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

ပြင်းအားမဂ္ဂနီကျူ့ ၅ ဒသမ ၆ ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်က မြို့တော်ဒက္ကာ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အချို့နေရာများ၌ ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ လှုပ်ခတ်မှုက စက္ကန့်အနည်းငယ်ကြာခဲ့ကြောင်း ငလျင်ဌာနက ပြောခဲ့သည်။

ငလျင်ဗဟိုချက်က Comilla ခရိုင်အတွင်း မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref :; Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *