October 19, 2024

၂.၁၂.၂၀၂၃

Written by KL

လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးပေါ်ရှိ ”ထိပ်တန်း”ကာရာအိုကေဆိုင်တွင် ဒီဇင်ဘာ ၂ ရက် ညနေ ၃ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ-အလျား ၅၀၊ အနံ ၃၀ နှစ်ထပ်ခွဲအဆောက်အအုံရှိ ဒုတိယထပ်တွင် မျက်နှာကြက်ပြုပြင်ရန် ဝရိန်ပုံးအား အိပ်ခန်းပလပ်ခုံမှ တစ်ဆင့်သွယ်တန်းအသုံးပြုရာမှ လျှပ်စစ်မီးအား ခံနိုင်ဝန်ထက် ပိုမိုလွန်ကဲစွာ အသုံးပြုခြင်းကြောင့် (Over Load)ဖြစ်ပြီး ပလပ်ခုံနှင့် ဝါယာကြိုးအပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်များအရ သိရသည်။

မီးလောင်မှုမှာ ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကြောင့် အိပ်ခန်းတွင်းရှိ​ ကုတင်၊ ဗိီရို၊ မွေ့ယာနှင့်အဝတ်အစား၊ ကာရာအိုကေအခန်းရှိ ကာရာအိုကေစက်နှင့်ဆက်စပ်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့သဖြင့် အသက် ၃၁ နှစ်အရွယ် အမျိုးသားကို လှည်းကူးမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *