October 19, 2024

◾ လောက်ကိုင်တွင် အလုပ်လုပ်နေသည့် အသက် ၁၄ နှစ်မှ ၄၀ ကြား လူငယ်များကို MNDAA က ဖမ်းဆီးကာ စစ်သားစုဆောင်းနေဟုပါ ပြော

၂. ၁၂. ၂၀၂၃

Written by Zaw Moe

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရန်သူများကို တပ်မတော်မှ ခြေလျင်တပ်နှင့် လေယာဉ် ပူးပေါင်းစစ်ဆင်ခဲ့သောကြောင့် ရန်သူများအကျအဆုံးများပြီး လူနာများကို တစ်ဖက်နိုင်ငံအထိ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောစီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“ကရင်ပြည်နယ်ဘက်မှာတော့ ကော့ကရိတ်မှာ ဒီနေ့မနက် စောစောပိုင်းက စပြီးတော့ မြို့နဲ့ပတ်ဝန်းကျင် ၅ နေရာလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ ညနေပိုင်းမှာတော့ အဝေးက ပစ်ခတ်မှုပဲရှိပါတော့တယ်။ အဲဒီမှာလည်း ရန်သူအနေနဲ့ ထိခိုက်ဒဏ်ရာရရှိမှု များပြားတယ်ဆိုတာ သိရပါတယ်။ မနေ့ကညကတော့ ကော့ကရိတ်မြို့ကို လာရောက်တိုက်ခိုက်တဲ့ ရန်သူများကို ခြေလျင်တပ်နဲ့ လေယာဉ် ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ကျဆုံးမှု များပြားပြီး တချို့လူနာတွေကို တစ်ဖက်နိုင်ငံအထိ ပို့ပြီးဆေးကုသမှု ခံယူနေတယ်ဆိုတဲ့အကြောင်း သိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် လောက်ကိုင်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် အရွယ်ကောင်းများဖြစ်သည့် အသက် ၁၅ နှစ်မှ ၄၀ ကြား လူငယ်များကို MNDAA အနေဖြင့် ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သားစုဆောင်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

This image has an empty alt attribute; its file name is 406384949_122140084298030934_3461905952730307634_n.jpg

“လောက်ကိုင်မှာလည်း လောက်ကိုင်မှာသွားပြီးအလုပ်လုပ်နေတဲ့ သူတွေရှိပါတယ်။ ပြန်လာတဲ့အခါမှာလည်း အရွယ်ကောင်းတွေဖြစ်တဲ့ အသက် ၁၅ နှစ်နဲ့ အသက် ၄၀ ကြားမှာရှိတဲ့ လူငယ်တွေကို ပြန်မလွှတ်ပေးဘဲနဲ့ MNDAA အနေနဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သားစုဆောင်းနေတယ်ဆိုတဲ့ သတင်းများလည်းရရှိပါတယ်။ အဓိကအားဖြင့် ရှမ်းလူမျိုးနဲ့ တအာန်းလူမျိုးတွေကို စုဆောင်းနေတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယနေ့တွင် ထိတွေ့တိုက်ပွဲများအနေဖြင့် မူဆယ် ၁၀၅ မိုင်ကို Drop Bomb ချတိုက်ခိုက်ခဲ့မှုများ၊ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်း မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီး၊ လာရှိုးနှင့် သီပေါမြို့ကို ဆက်သွယ်ထားသည့် စဉ့်အင်တံတားကို TNLA အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် တံတားကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *