October 19, 2024

၂. ၁၂. ၂၀၂၃

Written by KL

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ငွေသောင်ဖြူ (၁) ရပ်ကွက်၊ သဲပုံစေတီအနီးရှိ နေအိမ်တစ်လုံးတွင် ဒီဇင်ဘာ ၂ရက် နံနက် ၁၁ နာရီခန့်က မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၄၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဣစ္ဆာသယ လူမှုကူညီရေးပရဟိတအဖွဲ့ထံမှသိရသည်။

ဦး​ဇော်ဦး၏နေအိမ်တွင် ထင်းမီးဖိုဖြင့် ထမင်းဟင်းချက်ပြုတ်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုမှာ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

This image has an empty alt attribute; its file name is IMG_6337.jpeg

“မီးက အရမ်းများတယ်။ လောင်တဲ့အိမ်တွေကလည်း ဝါးနဲ့ဆောက်ထားတော့ ခဏလေးနဲ့ မီးလောင်ကုန်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကို ဒေသခံများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ပြည်သူ ၁၆၀ ခန့်ကို ဇီးဖြူသောင်ကျေးရွာရှိ ရတနာအောင်မြေကျောင်းတိုက်တွင် ယာယီနေရာချထားပေးကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *