October 20, 2024

၃.၁၂.၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်းရှိ မဟာရန်ကုန်လက်ဖက် ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်တွင် ဒီဇင်ဘာ၂ရက် ည ၈ နာရီ ၅၁ မိနစ်ခန့်ကဖြစ်ပွားခဲ့သော မီးလောင်မှုမှာ မီးစက်ကို ဆီဖြည့်ရာမှ မီးဖိုသို့ ဓာတ်ဆီငွေ့ ထိတွေ့၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်​ပြီး အမျိုးသားတစ်ဦးမီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာ ဆိုင်မန်နေဂျာအမျိုးသားက လက်ဖက်ရည်ဖျော်ခန်းတွင် ထားရှိသော မီးစက်ကို ဆီဖြည့်ရာမှ အနီးရှိ မီးဖိုသို့ ဓာတ်ဆီငွေ့ ထိတွေ့ချိန် မီးစတင်လောင်ကျွမ်းခြင်းဖြစ်​ပြီး လက်ဖက်ရည်ဖျော်ခန်း၏ သစ်သားတံခါးမှ တစ်ဆင့်အပေါ်ထပ်ခိုးပေါ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

This image has an empty alt attribute; its file name is IMG_6331.jpeg

မီးလောင်မှုမှာ ၁၅ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး မီးစက် ၁ လုံး၊ ထပ်ခိုးရှိ အလုပ်သမား အိပ်ဆောင်ကြမ်းခင်းနှင့်အိပ်ရာခင်းများ မီးလောင်ကျွမ်းခဲ့ကာ မန်နေဂျာ ဦးရွှေသီး(၄၅နှစ်)၏ ဘယ်ဘက်ပါး၊ လက်နှင့်ခြေထောက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ​နေရကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် မန်နေဂျာ ဦးရွှေသီးကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက ပုဒ်မ ၂၈၅၊ ၃၃၇ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *