October 19, 2024

၃. ၁၂. ၂၀၂၃

Written by Naing Thuta

ရွှေဘိုမြို့တွင် အမျိုးသမီးတစ်ဦးနေအိမ်၌ တစ်ဦးတည်းရှိနေစဉ် အိမ်နောက်ဖေး မန်ကျည်းပင်၌ ကြိုးဆွဲ(ဆွဲကြိုး)ချသေဆုံးမှု ဒီဇင်ဘာ ၁ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက် မနက် ၉ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်၊ အောင်ဇေယျရပ်တွင် အသက် ၃၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် နေအိမ်မှာ တစ်ဦးတည်းရှိနေစဉ် နေအိမ်၏ အနောက်ဘက်ရှိ မန်ကျည်းပင်၌ မြေပြင်ပေါ်မှ အမြင့် ၇ ပေခန့် မန်ကျည်းကိုင်းတွင် အရှည် ၇ ပေခန့်ရှိ အပြာ/နီရောင်ပလပ်စတစ်ကျစ်ကြိုးအား ကွင်းလျှောချည်၍ နှပ်ထွက်၊ သုတ်ထွက်၊ လက်ချောင်းများကုတ်လျက် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဘဲ ကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။

အဆိုပါသေဆုံးသူအမျိုးသမီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မင်းတောကျေးရွာတွင် နေထိုင်ကာ တောင်သူလုပ်ကိုင်နေသူဖြစ်ပြီး သေဆုံးသူကြိုးဆွဲချသေဆုံးသည့်နေအိမ်ပိုင်ရှင် အသက် ၄၈ နှစ်အရွယ် အမဖြစ်သူနှင့် လာရောက်နေထိုင်စဉ် ယခုကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

သေဆုံးသူအား ရွှေဘိုမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၅/၂၀၂၃)ဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး သေမှုသေခင်းဖြင့် ရေးဖွင့်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *