October 19, 2024

၃. ၁၂. ၂၀၂၃

Written by Min Mahar

မြင်းခြံမြို့နယ်၊ ရွာသစ်ကျေးရွာရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်အား ယမန်နေ့ မနက်ပိုင်းက PDF အဖွဲ့ဝင် ၅ ဦးက ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကျပ်သိန်း ၁၀၀၀ နီးပါးပျက်ဆီးဆုံးရှုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၂ ရက်)မနက် ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာသစ်ကျေးရွာ ၏မြောက်ဘက်ရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်အား PDF အဖွဲ့မှ လူ ၅ ဦးခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် Power Generator-13 KV မီးစက် ၁ လုံး၊ 13KV ဆီ(Tank) ၁ လုံး၊ 48 V Battery ၁၀ လုံး၊ လိုင်းလွှင့်စက် ၁ လုံး၊ အလျား ၉ ပေ၊ အနံ ၃ပေရှိ ဆိုလာပြား ၁၀ ချပ်၊ Battery Cabinet Aircon ၁ လုံးနှင့် ဝါယာကြိုးများပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုကာလတန်ဖိုးမှာ ကျပ်သိန်း ၁၀၀၀ ခန့် ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါပျက်စီးသွားသည့် Mytel တာဝါတိုင်အား မန္တလေးတိုင်းဒေသကြီး၊ Mytel ရုံးချုပ်နှင့်ဆက်သွယ်၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြင်းခြံမြို့နယ် Mytel ဆက်သွယ်ရေးတာဝန်ခံမှ MT News သတင်းဌာနသို့ ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *