October 19, 2024

၃. ၁၂.၂၀၂၃

Written by KL

မှော်ဘီမြို့နယ်၊ ဘုရားလမ်းကျေးရွာ၊ ဘုရားလမ်းဈေး မှတ်တိုင်ရှေ့တွင် ဒီဇင်ဘာ ၂ ရက်၊ ည ၈နာရီခန့်က လမ်းဖြတ်ကူးသူ အမျိုးသားကို မော်တော်ယာဥ်တစ်စီး တိုက်မိရာမှ လမ်းဖြတ်ကူးသူ သေဆုံးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းထံမှ သိရသည်။

သေဆုံးသူ အမျိုးသားကြီးမှာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ယာဥ်တိုက်ခံရသော ဒဏ်ရာများဖြင့်ပင် နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းလယ်မှာလူရပ်နေရင် ညအမှောင်ထဲကားမောင်းရင် မမြင်ရဘူး။ သတိရှိကြဖို့လိုပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူအမျိုးသားကို မှော်ဘီမြို့ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့မလူမှုကူညီရေးအသင်း(မှော်ဘီမြို့)ထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *