October 19, 2024

၄. ၁၂. ၂၀၂၃
Written By Thandar

အိပ်မက်ဆုံရာ Season 1က 1st Runner ဆုရှင် တေးသံရှင် အာကာအောင်ခင်ဝင်းဟာ ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီ ၁၀မိနစ်က အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

“ကျွန်တော် ဘေထုပ်ရောင်းတုန်းက အိတ်တစ်လုံးအားပေးရင်း အားပေးစကားတွေ အများကြီးပြောခဲ့တယ်။ စိတ်ထားလည်း ကောင်းတဲ့သူပါ။ နင့်အလှည့်မှာ ငါသေသေချာချာ အားပေးစကားမပြောဖြစ်လိုက်ဘူးဟာ။ အဲ့လောက်မြန်မြန်ထွက်သွားရမယ်လို့မထင်မိတာပါဟာ။ ကောင်းရာဘုံဘဝရောက်ပါစေ “လို့ အဆိုတော် ဖြိုးကျော်ထိုက်က ပရိသတ်သိအောင်ပြောလာပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-04_09-58-40.jpg

အာကာအောင်ခင်ဝင်းဟာ ၂၀၁၅ ခုနှစ်က “အသိအမှတ် ” တစ်ကိုယ်တော် သီချင်းခွေထွက်ရှိထားသူလည်းဖြစ်ပါတယ်။

“ဒီလိုသတင်းတွေကြားတိုင်း သီချင်းဆိုပြီး ရပ်တည်ရတဲ့ ဘဝကိုစဥ်းစားပြီး ကြောက်ရွံ့လာတယ်..ကိုယ့်ဘဝကလည်း အရက်ဆိုင်တွေမှာစားသောက်သူတွေကို ဖျော်ဖြေပေးနေရတာဆိုတော့ သောက်ဖြစ်နေတယ်လေ…မသောက်ဘဲဆိုရင် ခံစားမှုမရောက်။ ဒါက အကြောင်းပြချက်ပါကွာ ဆိုပြီး ပြောကြရင်လည်း ခံပါ့မယ်…..
တကယ်တော့မလွယ်…..ကျွန်တော်က Only One လေ….RIP ပါ ညီလေး အာကာအောင်ခင်ဝင်း” လို့ တေးရေး တေးဆို ဖိုးသဲကလည်း ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *