October 30, 2024

PDF များ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ရေထွက်ရွာ ရာအိမ်မှူးကို တွေ့ရစဥ်

၂၂. ၁၁. ၂၀၂၂
Written by Min Mahar

မန္တလေးတွင် နှစ်ရက်ဆက်တိုက် ရာအိမ်မှူးများ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရမှု နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့ကြောင်း မြိုခံများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဆွေသည် နိုဝင်ဘာ ၂၀ ရက်နေ့က ညနေ ၅ ကျော်တွင် ဆိုင်ကယ်ဝပ်ရှော့ဆိုင်၌ ဆိုင်ကယ်ပြင်နေစဉ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

“ရေထွက်ရွာက ရာအိမ်မှူး ဆိုင်ကယ်ပြင်နေတုန်း ထိုင်စောင့်နေစဉ်အတွင်းမှာ အမည်မသိအမျိုးသား ၂ ဦးကရောက်လာပြီး သေနတ်နဲ့ပစ်သွားတာ။ အဲဒီနေရာမှာပဲ မေးစေ့အောက် ဖောက်ဝင်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေသွားတယ်” ဟု ဆိုင်ကယ်ပြင်ဆိုင်အနီးနေထိုင်သူတစ်ဦးက ဆိုသည်။

အလားတူပင် နိုဝင်ဘာလ ၁၉ ရက် မနက်ပိုင်းက မဟာအောင်မြေမြို့နယ် ၊ သံလျက်မှော်အနောက်ရပ်ကွက် ရာအိမ်မှူး ဦးထွန်းမြင့်အေးမှာလည်း ရပ်ကွက်ရုံးမှ အိမ်ကိုစက်ဘီးစီးပြီးအပြန်တွင် သေနတ်သမားများက ပစ်ခတ်သွား၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့ပြင် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းကလည်း ရှမ်းခေါက်ဆွဲဆိုင်တွင် ရှမ်းခေါက်ဆွဲစားနေသည့် အရပ်သား ကျော်ကြီးဆိုသူအား သေနတ်သမားများက ပစ်ခတ်သတ်ဖြတ်ပြီး ၎င်းပစ္စည်းများပါ ယူဆောင်သွားသည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှု ၃ ခုလုံးကို ပကဖ-ပုသိမ်ကြီးမြို့နယ်နှင့် မဟာမိတ်အဖွဲ့များမှ လုပ်ဆောင်ခဲ့ကြောင်း အသီးသီးထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *