၃.၁၂. ၂၀၂၃
Written by MMAK
◾ ချဲလ်ဆီး Vs ဘရိုက်တန်
ချဲလ်ဆီးအသင်း ခြေစွမ်းမှန်းဆရခက်သလို အတက်အကျ ကြမ်းနေပါတယ်။ နောက်ဆုံးသုံးပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို သုံးပွဲလုံးဂိုးပေါ် ကန်ထားပါတယ်။ ဘရိုက်တန်အသင်းကတော့ ပရီးမီးယားလိဂ် ၁၃ ပွဲ ကစားထားခဲ့ရာမှာ ၁၃ ပွဲလုံး ဂိုးသွင်းထားနိုင်သလို ၁၃ ပွဲလုံး ဂိုးတွေ ပြန်ပေးထားတာ တွေ့ရပါတယ်။ ချဲဆီးလ်နည်းပြ ပိုချက်တီနိုနဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီ နှစ်ယောက်လုံး လုပ်ရဲကိုင်ရဲရှိသလို အရည်အချင်းပြည့်ဝတဲ့ နည်းပြနှစ်ယောက်ရဲ့ နည်းဗျူဟာကောင်းတွေ မြင်ရနိုင်တဲ့ပွဲဖြစ်ပါတယ်။ ချဲဆီးလ်အသင်းရဲ့ ညာစွန်နောက်ခံလူတွေ ဒဏ်ရာရ၊ ပွဲပယ် ထိထားလို့ ဂျပန်ကြယ်ပွင့် မီတိုမာကို ဘယ်သူထိန်းမှာလဲဆိုတဲ့ ပြသနာကို အဓိကထား ဖြေရှင်းနိုင်ရင် ချဲလ်ဆီးအသင်း အသာရသွားနိုင်ပါတယ်။ ဘရိုက်တန်အသင်း အဓိကခံစစ်ကစားသမား အသင်းခေါင်းဆောင် ပွဲပယ်ထိထားသလို ယူရိုပါလိဂ်ကစားခဲ့ရတာကြောင့် ပွဲပန်းနေတာဟာ အဓိကအားနည်းချက် ဖြစ်ပါလာနိုင်ပါတယ်။နွေရာသီမှာ ဝယ်ထားတဲ့ အန်ကွန်ကူ ပြန်ပါလာမှာဖြစ်တဲ့ ချဲလ်ဆီး အိမ်ကွင်းမှာ တိုက်စစ်ပိုကောင်းလာနိုင်သလို ပွဲထွက်ကစားသမား အပြောင်းအလဲနဲ့ ကစားကွက် အပြောင်းအလဲ ကိုလည်း မြင်ရနိုင်ပါတယ်။ ချဲလ်ဆီး တစ်လုံးသွင်းမှ ငါးဆယ်သာစားရမယ်ဆိုတဲ့ ကြေးတန်းအရ ချဲလ်ဆီးအသင်း အနိမ့်ဆုံးတစ်ဂိုး အသာလောက်နဲ့ နိုင်သွားမယ်လို့ ယူဆတဲ့အတွက် အိမ်ရှင် ချဲဆီးလ်အသင်းကို ရွေးချယ်ထားချင်ပါတယ်။
◾ ဘုန်းမောက် Vs အက်စတွန်ဗီလာ
ဗီလာ အိမ်ကွင်းကောင်းသလောက် အဝေးကွင်းဆို ခြေစွမ်း ညံ့ပါတယ်။ ဥရောပကွန်းဖရင့်လိဂ်ကစားထားခဲ့ရလို့ ပွဲပန်းနေသလို ကြေးတွေခဏခဏ အောင်နေတဲ့ ဗီလာ ကြေးပြန်ကျသွားချိန်တန်နေပြီဖြစ်ပါတယ်။ သို့ပေမဲ့ ဗီလာအသင်းရဲ့နောက်နှစ်ပွဲက မန်စီးတီး၊ အာဆင်နယ် အသင်းတို့နဲ့ကန်ရမှာ ဖြစ်လို့ ဒီပွဲကို အမှတ်ရဖို့ အာရုံစိုက်ထားမလား၊ ဒီအခြေ အနေကြောင့် ဂိုးပေါင်းကြေး ပြင်းနေသလားဆိုတာ စဉ်းစား စရာဖြစ်ပါတယ်။ ဘုန်းမောက်အသင်းရဲ့ အိမ်ကွင်း ခြေစွမ်းကောင်းသလို နယူးကာဆယ်လို အသင်းကိုတောင် အိမ်ကွင်းမှာ အသာရအောင် ကန်ထားနိုင်ပါတယ်။ ဗီလာအသင်းရဲ့ နောက်ပွဲတွေမှာ အမှတ်လျော့နိုင်လို့ ဒီပွဲတင်ကစားလာမဲ့ ဗီလာအသင်း ဂိုးရနိုင်သလို အိမ်ရှင်ဘုန်းမောက်လည်း သေချာပေါက်ဂိုး ရမှာပါ။ ဗီလာအသင်းဘော်ဒီကြေးကျလာပေမဲ့ ဂိုးပေါင်းကြေးပြင်းလာတာ ဖြစ်ပါတယ်။ ဂိုးပေါ်ကို ပိုကြိုက်နေပေမဲ့ ဒီပွဲမှာ အိမ်ရှင်ဘုန်းမောက် အသင်းနဲ့ ဂိုးပေါ် နှစ်ကျပ်ကွက် ရွေးချယ်ထားမယ်ဆိုရင် အရှုံးမရှိနိုင်တာဖြစ်လို့ အိမ်ရှင်ဘုန်းမောက် အသင်းနဲ့ ဂိုးပေါ် ရွေးချယ်ထားချင်ပါတယ် ။
◾ လီဗာပူးလ် Vs ဖူဟမ်
လီဗာပူးလ်အသင်ရဲ့ ဘော်ဒီကြေး နှစ်လုံးကို လေးဆယ်စားပေါက်နေပေမဲ့ ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်ရှုံးဆိုတာ မမျှတတဲ့ ပေါက်ကြေးဖြစ်ပါတယ်။ ဘော်ဒီပေးရင် ဂိုးပေါ် မပေးဘူး။ ဂိုးပေါင်းပေးရင် ဘော်ဒီမပေးဘူးဆိုတဲ့ သဘောပါ။ လီဗာပူးလ်အသင်း ဒီလိုကြေးတန်းတွေဆို နှစ်ကျပ်ကွက် စုံကျအောင် ကန်လေ့မရှိတာကိုလည်း တွေ့ရပါတယ်။ ဖူဟမ်အသင်းရဲ့ ခြေစွမ်းက မှန်းဆရခက်ပေမဲ့ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းမှာတော့ ပိတ်ကစားပြီး တန်ပြန် ကစားလာဖို့ ပြင်ဆင်ထားမှာ သေချာပါတယ်။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး နူနက်နဲ့ တောင်ပံကစားသမား ဆာလက်၊ လူးဝစ်ဒိုင်ယက်တို့ တိုက်စစ်ချိတ်ဆက်မှု အစေးမကပ်သေးတဲ့အတွက် သွင်းဂိုးတွေ ဖန်တီးရာမှာ အားနည်းနေတာ တွေ့ရပါတယ်။ ပိတ်ကစားလာမဲ့ ဖူဟမ်ကြောင့် လီဗာပူးလ်အသင်း ဂိုးရနောက်ကျနိုင်သလို ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။ ဖူဟမ် ဘော်ဒီရွေးမလား ဂိုးအောက်ရွေးမလား နှစ်ခုထဲကတစ်ခုတော့ အောင်မှာသေချာပါတယ်။ သို့ပေမဲ့ ဒီပွဲမှာ ဖူဟမ်အသင်းနဲ့ ဂိုးအောက်ကို တွဲရွေးထားမယ်ဆိုရင် အရှုံးမရှိနိုင်သလို ကံကောင်းရင် နှစ်ကျပ်ကွက်စားရမဲ့ အခြေအနေဖြစ်လို့ ဖူဟမ်အသင်းနဲ့ ဂိုးအောက် ရွေးချယ်ပေးချင်ပါတယ်။
◾ ဝက်စ်ဟမ်း Vs ခရစ္စတယ် ပဲလေ့စ်
လန်ဒန်ဒါဘီပွဲဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာ ဖြစ်သလို နှစ်ပွဲဆက်ရှုံးခဲ့တဲ့ ပဲလေ့စ်အသင်းရဲ့ နည်းပြကြီး ရွိုင်းဟော့ဆန် ခြေစွမ်းကောင်းနေတဲ့ ဝက်စ်ဟမ်းအသင်းကို ဘယ်လိုရင်ဆိုင်မှာသွားမလဲ ဆိုတာ စောင့်ကြည့်ချင်စရာကောင်းပါတယ်။ ဝက်စ်ဟမ်းအသင်း ယူရိုပါလိဂ် ကစားခဲ့ရလို့ ပွဲပန်းနေတယ်ဆိုပေမဲ့ ပဲလေ့စ်အသင်းထက် စွမ်းဆောင်ရည်ပိုကောင်းအောင် လုပ်ပြထားနိုင်ပါတယ်။ အိမ်ရှင်ဝက်ဟမ်းအသင်း သရေအရှုံးပေးထားသလို ဂိုးပေါင်းကြေး နှစ်လုံးရှုံးဖြစ်ပါတယ်။ နှစ်ပွဲဆက် ရှုံးထားတဲ့ ပဲ့လေ့စ်အသင်း ဒီပွဲမှာ သတိထား ချည်းကပ်လာနိုင်သလို တိုက်စစ် ဖွင့်ကစားမှာ မဟုတ်ဘဲ အမှားစောင့်ပြီး ကစားလာနိုင်ပါတယ်။ ယူရိုပါလိဂ် ကစားထားရသလို ဒီဇင်ဘာ ပွဲကျပ်ကာလမှာ အိမ်ရှင်ဝက်စ်ဟမ်းအသင်းလဲ ကစားအား ခြွေတာလာနိုင်ပါတယ်။ လန်ဒန် ဒါဘီပွဲဖြစ်သလို ထိန်းကစားကြမဲ့ ပွဲဖြစ်တာကြောင့် ဂိုးရနောက်ကျနိုင်သလို အိမ်ရှင်ဝက်ဟမ်း ဂိုးစရခဲ့ရင် ဒီဂိုးကို ထိန်းမှာ ဖြစ်သလို ပဲလေ့စ်အသင်း ဂိုးစရခဲ့ရင်လည်း ဒီဂိုးကို ထိန်းမှာဖြစ်ပါတယ်။ သွင်းဂိုးတွေ အများကြီး မြင်ရဖို့မရှိဘဲ အလွန်ဆုံး နှစ်ဂိုးလောက်သာ ဖြစ်နိုင်လို့ သုံးဂိုးမရောက်နိုင်ဘူးလို့ ယူဆတဲ့အတွက် ဂိုးအောက် တစ်ကွက်တည်းကိုဘဲ ရွေးချယ်ထားချင်ပါတယ်။
◾ မန်စီးတီး Vs စပါး
Super Sunday ညရဲ့ ပွဲကောင်း တစ်ပွဲဖြစ်သလို စောင့်ကြည့်ချင်စရာ အကောင်းဆုံး ပွဲစဉ်ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ လီဗာပူးလ်ကို သရေကျခဲ့လို့ ဇယားထိပ်ဆုံးက ဆင်းပေးခဲ့ရတဲ့ မန်စီးတီးနဲ့ သုံးပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ စပါးအသင်းထိပ်တိုက် တွေ့ဆုံပွဲမှာ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေး နှစ်လုံး လေးဆယ်စားဖြစ်သလို ဂိုးပေါင်းကြေးကလည်း သုံးလုံး အပြည့်ရှုံး ကြေးတန်းဖောက်ထားပါတယ်။ ကြေးပေးမှု မြင့်မားနေသလို မန်စီးတီးအသင်း အိမ်ကွင်းမှာ ပေါက်ကြေးနဲ့လိုက်အောင် တကယ်ကန်တော့မှာလားဆိုတာ စဉ်းစားချင်စရာ ကောင်းပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရပြီးနောက်ပိုင်း သုံးပွဲဆက် ရှုံးထားခဲ့တဲ့ စပါး အဝေးကွင်းမှာ မန်စီးတီးကိုဘယ်လို ရင်ဆိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ စပါးနည်းပြသစ် ပိုစတီဂလူ တိုက်စစ် အသားပေးသလို နိုင်ပွဲတွေကို ဦးတည် ကစားတာမျိုးကိုတွေ့ရပါတယ်။ စပါးအသင်း သုံးပွဲဆက် ရှုံးခဲ့ပေမဲ့ တန်ပြန်တိုက်စစ် ကစားပုံတော်တော်လေး ကောင်းပါတယ်။ စပါးရဲ့ တန်ပြန်တိုက်စစ်နဲ့ ဂိုးရသွားနိုင်တယ် ယူဆထားပါတယ်။ မန်စီးတီး သုံးဂိုးပြတ်မှ ကြေးအပြည့်စားရမှာ ဖြစ်သလို စပါးအသင်း ဂိုး ရသွားရင် လေးဂိုးအထိ သွင်းရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ပွဲကြပ်ကာလမှာ အသင်းကြီးနဲ့ အထက်ကြေးတွေကို ဘက်ကန်ရဲဖို့ လိုပါတယ်။ ပြိုင်ပွဲစုံကစားရတဲ့ မန်စီးတီးအသင်း ချန်ပီယံလိဂ်မှာ ကစားအား ချွေတာခဲ့တာ တွေ့ရသလို ဒီဇင်ဘာ ပွဲကြပ်ကာလမှာ ပွဲစဉ်တွေ အများကြီး ကန်ရမှာ ဖြစ်တဲ့ အသင်းကြီးတွေကို လက်ရှောင်ထားစေချင်ပါတယ်။ ဒီပွဲမှာလည်း မန်စီးတီး ကြေးအပြည့် အောင်နိုင်ဖို့ မလွယ်ကူဘူးလို့ ယူဆထားလို့ အဝေးကွင်း စပါးအသင်းကို ရွေးချယ် ထားချင်ပါတယ်။
◾ မိန့်စ် Vs ဖရိုင်းဘတ်
လိုက်ဇစ်အသင်းကို အိမ်ကွင်းမှာ အနိုင်ရပြီးနောက်ပိုင်း မိန့်စ်အသင်းရလဒ်တွေ ပြန်ကောင်းလာပါတယ်။ ဖရိုင်းဘတ် ယူရိုပါလိဂ်ပွဲ ကစားထားရလို့ ပွဲပန်းနေသလို အဝေးကွင်း ညံ့တဲ့ အသင်းဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲက မိန့်စ်အသင်းက အဆင့်တစ်ဆယ် ရပ်တည်နေတဲ့ ဖရိုင်းဘတ်အသင်းကို ကြေးကြောပြန်ပေးထားတာ တွေ့ရပါတယ်။ ဒီပေါက်ကြေးအရ အိမ်ရှင်မိန့်စ် အသင်း မရှုံးနိုင်ဘဲ သရေနဲ့ အနိုင်သာ ဖြစ်နိုင်တဲ့ ကြေးမျိုးဖြစ်ပါတယ်။ ဒီပွဲပေါက်ကြေးအရ ဘွတ်ကီဖော်လိုနောက်ကို ရဲရဲကြီး လိုက်ဖို့လိုပါတယ်။ မိန့်စ် အသင်းရဲ့ ကြေးကြောပေးထားတဲ့ ပြားလေးဆယ် ရင်းပြီး မိန်စ့်အသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။