October 19, 2024

၂. ၁၂. ၂၀၂၃
Written by MMAK

အာဆင်နယ် Vs ဝုဗ်

အာတီတာရဲ့ အာဆင်နယ်အသင်း ခြေစွမ်းကောင်းနေသလို အဆင့်မြင့်တဲ့ကစားဟန်နဲ့ လယ်ဗယ်တစ်ခုမှာ ရပ်တည်ထားနိုင်တာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်ဖလား ရရှိဖို့ အဓိပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဝုဗ်အသင်းဟာ နောက်ဆုံး ငါးပွဲဆက် ဂိုးသွင်းထားနိုင်သလို ငါးပွဲလုံး ဂိုးပေါ်ကန်ထားတဲ့ ဝုဗ်အသင်း အရင်လို ခံစစ်အသားပေးမဟုတ်တော့ဘဲ တိုက်စစ်အသားပေးထားလို့ သွင်းဂိုးတွေ ရရှိထားသလို ခံစစ်ကလည်း သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုထားတာတွေ့ရပါတယ်။ နှစ်လုံးသွင်းရင်တောင်  ကြေးအပြည့်မစားရသေးတဲ့​အာဆင်နယ်အသင်း ဘော်ဒီထက် ဝုဗ်အသင်းလည်း ဂိုးရနိုင်တာမို့ ဂိုးပေါ် တစ်မျိုးတည်းပဲ ရွေးချယ် ထားချင်ပါတယ်။

ဘရန်ဖို့ Vs လူတန်

နောက်ဆုံးနှစ်ပွဲမှာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့လို အသင်းကြီးနှစ်သင်းလုံးကို ရှုံးနိမ့်ထားခဲ့ပေမဲ့ ဘရန့်ဖို့အသင်း ခြေစွမ်းမညံ့ပါဘူး။ အာဆင်နယ်နဲ့ အိမ်ကွင်းပွဲမှာဆို သူတို့ကတောင် ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာပါ။ လူတန်တောင်း ရုန်းအား ကောင်းလာတာ တွေ့ရပေမဲ့ အဝေးကွင်း ခြေစွမ်းမကောင်းသလို ခံစစ် ပေးဂိုးများတာ တွေ့ရပါတယ်။ ဖွင့်ထားတဲ့ ကြေးတန်းအရလည်း အိမ်ရှင်ဘရန့်ဖို့အသင်း အနိမ့်ဆုံးတစ်ဂိုးနဲ့ အနိုင်ရမဲ့ကြေးပါ။ အိမ်ကွင်းကောင်းသလို နိုင်ပွဲပြန်ရှာလာမဲ့ ဘရန့်ဖို့အသင်းကို ရွေးချယ်ထားချင်ပါတယ်။

ဘန်လေ Vs ရှက်ဖီး

တန်းတက်နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုဲပွဲ ဖြစ်သလို တန်းဆင်းဇုန်ထဲရောက်နေတဲ့ နှစ်သင်းလည်း ဖြစ်ပါတယ်။ နောက်ဆုံးခုနှစ်ပွဲဆက် ရှုံးပွဲတွေ့ထားတဲ့ ဘန်လေအသင်း ဒီပွဲမှာ မနိုင်ခဲ့ရင် တန်းဆင်းရဖို့ သေချာတယ်လို့ ပြောလို့ရပါတယ်။ ကွန်ပနီရဲ့ ဘန်လေအသင်း တွေ့တဲ့အသင်းတိုင်းကို ဖွင့်ကစားထားပြီး သွင်းဂိုးတွေ သွင်းယူနိုင်ပေမဲ့ ခံစစ်ကပေးဂိုး ပိုများနေတာကြောင့် ရှုံးပွဲတွေ့နေရတာ ဖြစ်ပါတယ်။ ဇယားအောက်ဆုံးရောက်နေပေမဲ့ ဘန်လေအသင်း လူအင်အားရော ကစားပုံရော ရှက်ဖီးအသင်းထက် အကုန် သာပါတယ်။ ဖွင့်ထားတဲ့ ကြေးတန်းအရ ဘန်လေအသင်း အနိုင်ကန်ဖို့ သေချာပေါက် ရှိနေတဲ့အတွက် အိမ်ရှင်ဘန်လေကို ရွေးချယ်ထားချင်ပါတယ်။

နော်တင်ဟန် ဖောရက် Vs အဲဗာတန်

ပုံစံကောင်းပြနေတဲ့ အဲဗာတန်အသင်း ဆယ်မှတ်လျှော့ခံထားရသလို မန်ယူနဲ့အိမ်ကွင်းပွဲမှာ ဂိုးပြတ်ရှုံးခဲ့ပေမဲ့ အခွင့်အရေးတွေ ကန်သွင်းခွင့်တွေ အများကြီး ရရှိခဲ့တာတွေ့ရပါတယ်။ ရှောင်ဒိုက်ရဲ့ အဲဗာတန်အသင်း ကစားပုံကောင်းသလို တိုက်စစ်လည်း ကောင်းပါတယ်။ အမှတ်လျှော့ခံထားရတဲ့အတွက် ပိုကြိုးစားဖို့ လိုအပ်နေသလို နောက်ပွဲတွေမှာ နယူးကာဆယ်၊ ချဲလ်ဆီးတို့နဲ့ ကန်ရမှာဖြစ်တဲ့အတွက် ဒီပွဲမှာ အမှတ်ရဖို့ သေချာပြင်ဆင်လာနိုင်ပါတယ်။ နော်တင်ဟန်ဖောရက်အသင်း အိမ်ကွင်းတိုက်စစ် ဂိုးသွင်းအားရှိသလို ခြေရည်တူ အသင်းဖြစ်တဲ့ အဲဗာတန်ကို ပိတ်ကစားလာမှာမဟုတ်ဘဲ အပြန်အလှန်တိုက်စစ်ဆင် ကစားလို့မယ်လို့ ထင်ပါတယ်။ အဝေးကွင်းအဲဗာတန်က ကြေးပါးပါးပြန်ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး ငါးဆယ်ရှုံး အနေအထားမှာ ဂိုးပေါင်းကြေး ပါးနေပေမဲ့ နှစ်သင်းလုံး ဂိုးရနိုင်တာမို့ ဂိုးပေါ် တစ်မျိုးတည်းကိုပဲ ရွေးချယ်ထားချင်ပါတယ်။

နယူးကာဆယ် Vs မန်ယူ

စနေညရဲ့ ပွဲကောင်းတစ်ပွဲဖြစ်သလို နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းမှာ အသင်းကြီးတွေ ခက်ခက်ခဲခဲ ကစားရတယ်ဆိုတဲ့ အခြေအနေကို မန်ယူအသင်း ဘာလုပ်ပြနိုင်မှာလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ နယူးကာဆယ်အသင်း အိမ်ကွင်းကစားပုံကောင်းသလို တိုက်စစ်က ခုနှစ်ပွဲမှာ ဆယ့်ရှစ်ဂိုးထိ သွင်းထားနိုင်တာကို တွေ့ရပါတယ်။ မန်ယူအသင်း ခံစစ်နဲ့ ဂိုးသမားညံ့နေပေမဲ့ တိုက်စစ်ကတော့ ဂိုးမြူးနေပါတယ်။ နယူးကာဆယ် အသင်းအနေနဲ့ အသင်းကြီးဖြစ်လာပြီးနောက် မန်ယူအသင်းနဲ့ထိပ်တိုက်တွေ့ဆုံတိုင်း အကြိတ်အနယ်နဲ့ ပြိုင်ဆိုင်မှူ ပြင်းထန်တာကို တွေ့ရပါတယ်။ အနိုင်အရှုံးပေါ်အောင် ကန်ကြမှာဖြစ်သလို နှစ်သင်းလုံး ဂိုးရနိုင်တဲ့ အခြေအနေကြောင့် ဂိုးပေါ် တစ်မျိုးတည်းကိုပဲ ရွေးချယ်ထားချင်ပါတယ်။

စတုဂတ် Vs ဝါဒါဘရီမင်

ဒီရာသီမှာ စတုဂတ်အသင်းရဲ့ခြေစွမ်း ကောင်းလွန်းနေသလို တိုက်စစ်မှူး ဂတ်ဆေးရဲ့ ဂိုးသွင်းသေချာမှုတွေကြောင့် ဇယားထိပ်ပိုင်းမှာ ရပ်တည်ထားနိုင်ပါတယ်။ အရင်နှစ်တွေက လယ်ဗယ်တူ ဝါဒါဘရီမင်အသင်းကို အသင်းကြီးပုံစံ ကြေးကြောပေးထားတာကိုလည်း တွေ့ရပါတယ်။ ဝါဒါဘရီမင်ကတော့ ဘယ်အသင်းနဲ့ ဖြစ်ဖြစ် တိုက်စစ်ဆော့ကစားတတ်တဲ့ အသင်းမျိုးပါ။ တိုက်စစ်ကောင်းတဲ့ စတုဂတ်အသင်း ဂိုးရမှာဖြစ်သလို ဂိုးပေးရတာနဲ့ ဝါဒါဘရီမင် ဖွင့်ကစားလာမဲ့အခြေအနေကြောင့် ဂျာမာန်ဘွန်ဒက်လီဂါ ထုံးစံအတိုင်း သွင်းဂိုးတွေ အများကြီး မြင်ရဖို့ရှိနေတာဖြစ်ပါတယ်။ အပြန်အလှန် တိုက်စစ်ဖွင့်ကစားလာပြီး သွင်းဂိုးတွေ မြင်ရဖို့ ရှိတာကြောင့် ဂိုးပေါ် တစ်ကြောင်းတည်းကိုပဲ ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

ဂျီနိုအာ Vs အမ်ပိုလီ

အရင်ရာသီမှာ အမ်ပိုလီအသင်း ခြေစွမ်းကောင်းပေမဲ့ ဒီရာသီမှာ  ခြေစွမ်းကျဆင်းနေတာကြောင့် ရလဒ်တွေဆိုးနေပါတယ်။ တိုက်စစ်က ဂိုးမသွင်းနိုင်တာက အဓိကပြဿနာဖြစ်နေပြီး အဝေးကွင်းတိုက်စစ်က ဂိုးရဖို့ခက်ခဲနေတာဖြစ်ပါတယ်။ ဂျီနိုအာအသင်း အခုနှစ်မှ တန်းပြန်တက်လာတာ ဖြစ်ပေမဲ့ အီတလီ စီရီးအေမှာ သမ္ဘာရင့်တဲ့ အသင်းဖြစ်ပါတယ်။ ဂျီနိုအာကစားပုံ မဆိုးပေမဲ့ တိုက်စစ်ကတော့ တစ်ပွဲတစ်ဂိုးလောက်သာ သွင်းထားနိုင်ပါတယ်။ နှစ်သင်းလုံး တိုက်စစ် အားနည်းကြလို့ သွင်းဂိုးတွေ မြင်ရဖို့ ခက်ခဲနိုင်သလို ဂိုးစရတဲ့အသင်းက ပိတ်ကစားမဲ့အနေအထားကြောင့် အလွန်ဆုံးနှစ်ဂိုးသာ ရောက်နိုင်တဲ့ပွဲလို့ ယူဆတဲ့အတွက် ဂိုးအောက် ရွေးချယ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *