October 19, 2024

၂. ၁၁. ၂၀၂၃
Written by Nay Aung

တရုတ်စစ်တပ်သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် နယ်စပ်ဒေသကို ကာကွယ်နိုင်ရန် တရုတ်တပ်ဖွဲ့များကို တပ်လှန့်ထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wu Qian က ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ပြီးခဲ့သောနိုဝင်ဘာလနောက်ဆုံးသီတင်းပတ်အတွင်း မြန်မာနိုင်ငံ နှင့် နယ်စပ်ချင်းထိစပ်နေသော တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျည်အစစ်နှင့်ပစ်ခတ်သော စစ်ရေးလေ့ကျင့်ခန်းများအပါအဝင် အခြားစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-12-02_16-39-21.jpg

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ” တရုတ်အစိုးရဟာ မြန်မာနိုင်ငံမြောက်ပိုင်းအခြေနေများကို အနီးကပ်စောင့်ကြည့်နေတယ်။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ တိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရန်လိုမှုတွေ အဆုံးသတ်ဖို့နဲ့ မတူကွဲပြားမှုတွေကို ငြိမ်း ချမ်းစွာ ဆွေးနွေးဖို့ တိုက်တွန်းတောင်းဆိုပါတယ်။တရုတ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ နယ်စပ်ဒေသမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေဟာ နယ်စပ်ဒေသထိန်းချုပ်ဖို့၊ စစ်သားတွေရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ ပစ်ခတ်မှုစွမ်းရည်ကိုစမ်းသပ်ဖို့ လုပ်ဆောင်တာပါ။အဲဒီစစ်ရေးလေ့ကျင့်ခန်းဟာ တရုတ်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်ဖို့နဲ့ နယ်စပ်ဒေသတည်ငြိမ် ငြိမ်ချမ်းရေးကို ပိုမိုကောင်းမွန်စေဖို့ အကူအညီဖြစ်စေမှာပါ။ တရုတ်စစ်တပ်ကို အမြင့်ဆုံးတပ်လှန့်ထားပြီး အရေးပေါ်အခြေအနေများကို တုံ့ပြန်နိုင်အောင် ပြင်ဆင်ထားတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်နေ့ကစ၍ တအာင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့်ရခိုင်လက်နက်ကိုင်အဖွဲ့တို့သည် တပ်မတော်စခန်းများကိုစတင်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများစတင်ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

Ref; cgtn

Leave a Reply

Your email address will not be published. Required fields are marked *