October 30, 2024

MT News
၂၂.၁၁.၂၀၂၂

မနေ့ညကပွဲစဉ်တွေမှာတော့ လူငယ်တွေနဲ့ပွဲထွက်လာတဲ့ အင်္ဂလန်အသင်းက အီရန်အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့နိုင်ခဲ့သလို နယ်သာလန်ကလည်း ဆီနီဂေါကို ပွဲပြီးကာနီးမှာ နှစ်ဂိုးပြတ်နဲ့နိုင်ခဲ့လို့ အပေါ်ကြေးတွေ အပျော်ကျူးခဲ့ရတဲ့ညတစ်ညပါပဲ။

ဒီနှစ်မှာ ခြေစွာလာတဲ့ အမေရိကန်က ပထမပိုင်းမှာ တစ်ဂိုးအသာစီးနဲ့ ကစားထားပြီး ဒုတိယပိုင်း အပုပ်ချိန်မှာတော့ ပယ်နယ်တီပြန်ပေးလိုက်ရလို့ ဝေးလ်ကို သရေကျခဲ့ပါတယ်။

ဒီနေ့ညမှာတော့ ချန်ပီယံဖြစ်ဖို့ တစ်ပြေးနေတဲ့ အသင်းတွေထဲက အာဂျင်တီးနားက အာရှက ဆော်ဒီအာရေဗျနဲ့ ကန်ဖို့ရှိနေပါတယ်။

ဒဏ်ရာရကစားသမား ၉ယောက်အထိရှိနေတဲ့ လက်ရှိချန်ပီယံပြင်သစ်ကလည်း သြစတြေးလျ နဲ့ကန်ဖို့ရှိနေပါတယ်။

နာမည်ကြီး ဒိန်းမတ်၊ မက္ကစီကိုတို့ရဲ့ ပွဲတွေလည်းရှိနေတဲ့အတွက် ဒီနှစ်ကမ္ဘာ့ဖလားမှာ အပေါ်ကြေးတွေ အပျော်ကျူးနေတာကို သတိထားဖို့ လိုပါတယ်။

ဒီနေ့ညအတွက်ကတော့ ခြုံငုံသုံးသပ်ကြည့်ရင် ပွဲလေးပွဲစလုံးဟာ ခြေမမျှတဲ့အပြင် လူကြောပေးကန်လို့ရတဲ့ အခြေအနေတွေကိုလည်း တွေ့ရပါတယ်။

အသင်းကြီးတွေနဲ့ အဖြည့်ခံတွေ တွေ့နေတဲ့ ဒီနေ့ညမှာ MT News ရဲ့ပရိတ်သတ်တွေအတွက် ပွဲကြိုသုံးသပ်ချက်တွေကို တင်ပြပေးလိုက်ရပါတယ်။

အာဂျင်တီးနား – ဆော်ဒီအာ ရေဗျ (4:30 PM)

အာဂျင်တီးနားက ကိုပါအမေရိကဖလားရထားသလို ခြေစွမ်းပိုင်းကလည်း ထိပ်ဆုံး ရောက်နေပါတယ်။ မက်ဆီကလည်း ရွှေဘောလုံးဆုရဖို့ ရေပန်းစားနေသလို အာဂျင်တီးနားကလည်း ဘရာဇီးပြီးရင် နံပါတ် ၂ နေရာက ရေပန်းစားနေတာပါ။ ဆော်ဒီက အိမ်ဖြည့်အသင်းပါ။ ဆော်ဒီက အဖက်ဖက်က နိမ့်ကျတာမို့ ဂိုးပြတ်မရှုံးဖို့ ပိတ်ဆော့မှာပါ။ အာဂျင်တီးနား အဖွင့်ပွဲမှာ ဂိုးပြတ်အနိုင်ယူမှာပါ။

ရွေးချယ်မှု – အာဂျင်တီးနား
…….

ဒိန်းမတ် – တူနီးရှား (7:30 PM)

ဒိန်းမတ်အသင်းက ခြေစွမ်း ကောင်းမွန်ပြီး အသင်းလိုက်စုဖွဲ့မှုနဲ့ကစားတာဖြစ်တဲ့အတွက် ခြေရည်တူအသင်းဆို အနိုင်အမြဲရတာများပါတယ်။ တူနီးရှားက ခံစစ်ကောင်းပြီး တိုက်စစ်က အားနည်းပါတယ်။ ခံစစ်ပိတ်ဆော့မှာမို့ ဂိုး အောက်က အ ကောင်းဆုံးပါ။

ရွေးချယ်မှု – ဒိန်းမတ် Body နှင့်ဂိုး အောက်
…….

မက္ကဆီကို – ပိုလန် (10:30 PM)

ဒီအုပ်စုမှာ တက်ဖို့ ရေပန်းစားတဲ့ ၂သင်း အရင်ဆုံးလာတွေ့တာပါ။ ပိုလန်က လီဝန် ဒေါစကီးကလွဲပြီး ကျန်အသင်းသား တွေက အလယ်အလတ်အဆင့် လောက်သာရှိပါတယ်။ အသင်းလိုက်စုဖွဲ့မှု ခြေစွမ်းပိုင်း အစဥ်အလာမှာ မက္ကဆီကိုက သာပါတယ်။ နိုင်ပွဲယူမယ့် မက္ကဆီကိုတိုက်စစ်က အလုပ်ဖြစ်နိုင်တာမို့ မက္ကဆီကိုဘက်က နေထိုင်တာအကောင်းဆုံးပါ။

ရွေးချယ်မှု – မက္ကဆီကို
……

ပြင်သစ် – သြစတြေးလျ (1:30 AM)

သြစတြေးလျက နောက်ပိုင်းပွဲတွေ ခြေစွမ်းကျဆင်းလာပြီး အသင်းသေး တွေသာနိုင်သလို အသင်းကြီးဆို ခြေရည်တူမကန်နိုင်ပါဘူး။ ပြင်သစ်က လက်ရှိချန်ပီယံဆိုတော့ မာဂုဏ်ရှိသလို အသင်းစုဖွဲ့က ထိပ်တန်းမှာရှိပါတယ်။ ဘာပေတို အုပ်စုဂိုး တွေသွင်းမှာမို့ ကမ္ဘာ့အဆင့်အတန်းသိပ်မမီတဲ့ သြစတြေးလျတို့ ရှုံးဖို့များပါတယ်။

ရွေးချယ်မှု – ပြင်သစ်
…….

Leave a Reply

Your email address will not be published. Required fields are marked *