October 19, 2024

၂.၁၂.၂၀၂၃
Written By Thandar

ဒရာမာဇာတ်လမ်းပုံစံ “ခေါင်မိုးမဲ့အိမ်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ဒီနေ့ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကျိုက္ကဆံစေတီတော်မှာ ကျင်းပခဲ့ပါတယ်။

“ခေါင်မိုးမဲ့အိမ်ဆိုတဲ့ ဇာတ်လမ်းတွဲက ကျွန်တော့်အတွက် နောက်ထပ်ခြေလှမ်းသစ်တစ်ခုဖြစ်မယ့် ဇာတ်လမ်းတွဲလေးပါ။ Canal Plus Myanmar FG နဲ့ FG Series Production တို့ ပူးပေါင်းတင်ဆက်ထားတဲ့ ဇာတ်ပေါ့။ ဒါရိုက်တာ ကိုပြည်သစ်နိုင်က ကျွန်တော်နဲ့ တွဲပြီးသရုပ်ဆောင်မဆောင်ဘူးတဲ့ ကိုသူထူးစံနဲ့ ကိုနေထက်လင်းတို့နဲ့ ရိုက်ကူးပုံဖော်မဲ့ ဇာတ်လမ်းတွဲသစ်ပါ။ ဒီဇာတ်လမ်းတွဲမှာ ကျွန်တော့်ကို ဘယ်လိုမျိုး မြင်တွေ့ရမလဲ ဆိုတာကို ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး” လို့ သရုပ်ဆောင် ဟိန်းရတုက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-02_15-18-19-768x1024.jpg

ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းပိုင်းကို အေးကြည်သာဟန်၊ ကျော်ကျော်ထွန်း၊ သန္တာဝေနဲ့ အေးမြတ်ချိုတို့က ရေးသားထားပြီး ဒါရိုက်တာ ပြည်သစ်နိုင်အပြင် လက်ထောက်ဒါရိုက်တာ သူရထွန်းတို့က သရုပ်ဆောင် နေထက်လင်း၊အကယ်ဒမီ သူထူးစံ၊ အကယ်ဒမီ မေသဉ္ဇာဦး၊ ဟိန်းရတု၊ သာ ထက်ဉာဏ်ဇော်၊ နေဝန်း၊ စိုင်းကောင်းမင်းထက်၊ စောမင်းယျာ၊ ဆက်ယွန်းတွယ်တာ၊ ဆုထက်လှိုင်၊ ဟန်နာ၊ သံစဉ်ဆည်းဆာ၊ အဲဝေသာ၊ ယုကုဋေ၊ ကိုကိုခန့်၊ သက်ဦးကို၊ ပြုံးဟန်သာကိုနဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူးကြမှာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဟိန်းရတုဟာ ပဥ္ဇလက်အချစ်၊ စေတလုံး မောင်ဘုန်း၊ မဟူရာပုလဲ၊ မကြေးစည်၊ ရောင်စုံခြယ် မြို့ကလေး၊ အမုန်းရဲ့အလွန် စတဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *