October 19, 2024

၂. ၁၂. ၂၀၂၃
Written by Nay Aung

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က မြန်မာနိုင်ငံအတွင်း အောက်တိုဘာ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် လူပေါင်း ၅၈၃၉၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော OCHA က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် စစ်ပွဲဒဏ်ပိုမိုခံစားခဲ့ရပြီး နေရပ်စွန့်ခွာသူအရေအတွက် ပိုမိုများပြားလာခဲ့သည်။ ထိုတိုက်ပွဲများကြောင့် နိုင်ငံတဝှမ်းတွင် နေရပ်စွန့်ခွာသူအရေအတွက်သည် သီတင်းပတ်တစ်ပတ်ထက် တစ်ပတ် ပိုမိုများပြားလာနေကြောင်းလည်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-12-02_14-52-44-1024x578.jpg

တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေး၊ ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများရှိလာနေကာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပိုမိုလိုအပ်စေခဲ့ကြောင်း သိရသည်။

လက်ရှိတိုက်ပွဲများကြောင့် တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့တွင် အနည်းဆုံးလူပေါင်း ၅ သောင်းကျော် နေရပ်စွန့်ခွာတိမ်း ရှောင်နေရပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်နေကြောင်း သိရသည်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး အဖွဲ့အစည်းများသည် အကူအညီများပေးနိုင်ရန်အတွက် စေ့စပ်ဆွေးနွေးမှုများလုပ်ဆောင်နေရကြောင်း သိရသည်။

တိုက်ပွဲများကြောင့် မြို့များတွင် အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများပိတ်မိနေခဲ့ပြီး ပြည်သူများ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်မရဘဲ ရှိနေခဲ့ကြောင်း၊ လားရှိုး၊ လွိုင်ကော် လေဆိပ်များလည်း ပိတ်ထားရဆဲဖြစ်ကြောင်း၊ နေ့စဉ်အသုံးပြုရသော အစားအစာနှင့် အိမ်ထောင်စုသုံး ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ လိုအပ်ချက်များရှိနေခဲ့ကြောင်း သိရသည်။

Ref; UNHCR

Leave a Reply

Your email address will not be published. Required fields are marked *