၂. ၁၂. ၂၀၂၃
Written by Ye Kyaw
အိမ်သုံးမီတာတပ်ဆင်ခသတ်မှတ်ကြေးနှုန်းထားအား ဒီဇင်ဘာ ၁ ရက်မှစတင်၍ ကျပ် ၂၅၀,၀၀၀ အထိ တိုးမြှင့်၍ ယခင်နှုန်းထားထက် နှစ်ဆကျော်တိုးမြှင့်ကောက်ခံမည်ဖြစ်သည်ဟု သိရသည်။
“ကျွန်တော်တို့လည်း တိုးကောက်မယ်ဆိုတာ အသံကြားထားတယ်။ စာတော့မထွက်သေးဘူး။ ပြောသံတော့ ကြားထားတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်၊ လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
လက်ရှိကောက်ခံနေသည့် အိမ်သုံးမီတာတပ်ဆင်ခသတ်မှတ်ကြေးနှုန်းထားသည် အိမ်သုံးမီတာသတ်မှတ်ကြေး ၈၅,၀၀၀ ကျပ်၊ မီတာပုံးခွံ (Tran Box) ၁၇,၀၀၀ ကျပ်၊ Breaker ၈,၀၀၀ ကျပ်၊ အခြားကုန်ကျစရိတ် ၁၀,၀၀၀ ကျပ်၊ အာမခံစပေါ်ငွေ ၄,၀၀၀ ကျပ်၊ ကြိုးသွယ်ခ ၂,၀၀၀ ကျပ်၊ မီးဆက်ခ ၂,၀၀၀ ကျပ်၊ ကြီးကြပ်ခ ၁,၀၀၀ ကျပ်နှင့် မီတာလျှောက်လွှာမှတ်ပုံတင်ကြေး ၁,၀၀၀ ကျပ်ဖြင့် စုစုပေါင်း ၁၂၀,၀၀၀ ကျပ် ကုန်ကျခြင်းဖြစ်သည်။
ယခုပြင်ဆင်ကောက်မည့် နှုန်းထားအရ အိမ်သုံးမီတာတပ်ဆင်ခသတ်မှတ်ကြေး ၁၅၀,၀၀၀ ကျပ်၊ မီတာပုံးခွံ (Tran Box) ၄၀,၀၀၀ ကျပ်၊ Breaker ၁၀,၀၀၀ ကျပ်၊ အခြားကုန်ကျစရိတ် ၅၀,၀၀၀ ကျပ်၊ အာမခံစပေါ်ငွေ ၁၅,၀၀၀ ကျပ်၊ ကြိုးသွယ်ခ ၁၀,၀၀၀ ကျပ်၊ မီးဆက်ခ ၅,၀၀၀ ကျပ်၊ ကြီးကြပ်ခ ၅,၀၀၀ ကျပ်နှင့် မီတာလျှောက်လွှာမှတ်ပုံတင်ကြေး ၁၀,၀၀၀ ကျပ်ဖြင့် စုစုပေါင်း ၂၅၀,၀၀၀ ကျပ် ကုန်ကျမည်ဖြစ်၍ ယခင်ထက် ၁၃၀,၀၀၀ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။